” ဂရုတစိုက္ အခ်စ္ခံေနရေၾကာင္း ေျပာျပလာတဲ့ ဟန္ေလး “

CeleConnections ပရိသတ္ႀကီေရ ေမာ္ဒယ္လမ္းေၾကာင္းေပၚက တဆင့္ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ဟန္ေလးကေတာ့ ေယာက်ာ္းေလးပရိသတ္ေတြ အခိုင္အမာရရွိထားတဲ့ ရွမ္းတိုင္းရင္းသူေလးတစ္ဦးပဲ ျဖစ္ပါတယ္။ MTV မ်ားစြာ႐ိုက္ကူးထားတဲ့ သူတစ္ေယာက္လည္းျဖစ္ၿပီး လွပေက်ာ့ရွင္းတဲ့ အလွကိုပိုင္ဆိုင္ထားၿပီး စကားသံဝဲတဲတဲေလးနဲ႔ ပရိသတ္ကိုဆြဲေဆာင္ထားႏိုင္သူေလး ျဖစ္ပါတယ္။

ဟန္ေလးကေတာ့ အခုေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္အလုပ္ကိုပဲပိုၿပီး ဝါသနာပါတာျဖစ္တာမို႔ ကာ႐ိုက္တာတိုင္းကို လက္ ခံၿပီး ႐ိုက္ကူးတာထက္ အဆင္ေျပ တဲ့ ကာ႐ိုက္တာေတြ႕မွပဲ လက္ခံ႐ိုက္ကူးတတ္တဲ့ မင္းသမီးေလးပဲ ျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာလႈပ္ရွားမႈနဲ႔ ေန႔စဥ္လႈပ္ရွားမႈမ်ား အလႉအတန္းလုပ္ေနမႈမ်ားကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပေလ့ရွိပါတယ္။

ဒါ့အျပင္သူမရဲ႕ အခ်စ္ေရးကိုလည္း ထုတ္ေျပာထားျခင္းမရွိတာေၾကာင့္ ေယာက်ာ္းေလးပရိသတ္ေတြကေတာ့ သူမအခ်စ္ေရးကို စိတ္ဝင္စားဆုံး ျဖစ္မယ္ထင္ပါတယ္ေနာ္။ လက္ရွိမွာေတာ့ သူမလူမႈကြန္ရက္စာမ်က္ႏွာကေန ” သူက ဒူးရင္းသီးမႀကိဳက္ဘူးငါက ႀကိဳက္တယ္သူက သရက္သီးမႀကိဳက္ဘူးငါက ႀကိဳက္တယ္သူက ဒညင္းသီးမႀကိဳက္ဘူးငါက ႀကိဳက္တယ္
ဒါမဲ့ သူမႀကိဳက္တာကို ကိုစားဖို႔တြက္ ဝယ္ေႂကြး ဝယ္ေပးတယ္ ( ဘာေၾကာင့္လဲ သူက ခ်စ္လို႔ေပါ့) ” ဆိုတဲ့ စာေလးနဲ႕ အခ်စ္ခံေနရေၾကာင္း ေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။CeleConnections ပရိသတ္ႀကီးေရာ ဟန္ေလးလို ဂရုစိုက္ၿပီးအခ်စ္ခံေနတဲ့ သူေတြရွိရင္မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : Nan Shwe Aye
Candy –CeleConnections
ယူနီကုန္ျဖင့္ဖတ္ရန္

” ဂရုတစိုက် အချစ်ခံနေရကြောင်း ပြောပြလာတဲ့ ဟန်လေး ”

CeleConnections ပရိသတ်ကြီရေ မော်ဒယ်လမ်းကြောင်းပေါ်က တဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ဟန်လေးကတော့ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ MTV များစွာရိုက်ကူးထားတဲ့ သူတစ်ယောက်လည်းဖြစ်ပြီး လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေး ဖြစ်ပါတယ်။

ဟန်လေးကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကိုပဲပိုပြီး ဝါသနာပါတာဖြစ်တာမို့ ကာရိုက်တာတိုင်းကို လက် ခံပြီး ရိုက်ကူးတာထက် အဆင်ပြေ တဲ့ ကာရိုက်တာတွေ့မှပဲ လက်ခံရိုက်ကူးတတ်တဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အလှူအတန်းလုပ်နေမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။

ဒါ့အပြင်သူမရဲ့ အချစ်ရေးကိုလည်း ထုတ်ပြောထားခြင်းမရှိတာကြောင့် ယောကျာ်းလေးပရိသတ်တွေကတော့ သူမအချစ်ရေးကို စိတ်ဝင်စားဆုံး ဖြစ်မယ်ထင်ပါတယ်နော်။ လက်ရှိမှာတော့ သူမလူမှုကွန်ရက်စာမျက်နှာကနေ ” သူက ဒူးရင်းသီးမကြိုက်ဘူးငါက ကြိုက်တယ်သူက သရက်သီးမကြိုက်ဘူးငါက ကြိုက်တယ်သူက ဒညင်းသီးမကြိုက်ဘူးငါက ကြိုက်တယ်
ဒါမဲ့ သူမကြိုက်တာကို ကိုစားဖို့တွက် ဝယ်ကြွေး ဝယ်ပေးတယ် ( ဘာကြောင့်လဲ သူက ချစ်လို့ပေါ့) ” ဆိုတဲ့ စာလေးနဲ့ အချစ်ခံနေရကြောင်း ဖော်ပြလာတာပဲ ဖြစ်ပါတယ်။CeleConnections ပရိသတ်ကြီးရော ဟန်လေးလို ဂရုစိုက်ပြီးအချစ်ခံနေတဲ့ သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Nan Shwe Aye
Candy –CeleConnections

error: Alert: Content is protected !!