

 

 


 

 


 

 

Source: Mikis Weber’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်သူလေးစုစုဝေပျော်ရွှင်ရအောင် ဂါဝန်ဝတ်ပြီး မိန်းကလေးပုံစံသရုပ်ဆောင်ပြခဲ့တဲ့ Mikis Weber ရဲ့ ဟာသဗီဒီယို

ဂျာမနီနိုင်ငံကနေ မြန်မာနိုင်ငံမှာ အနုပညာလုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေတဲ့ Rap အဆိုတော် Mikis Weber ကို အားလုံး သိကြပြီးသား ဖြစ်မှာပါ။ အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့အတိုင်း Mikis Weber က မြန်မာနိုင်ငံသူလေး စုစုဝေနဲ့ ပျော်ရွှင်တဲ့ အချစ်ရေးလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူမျိုးဘာသာချင်းမတူပေမယ့် နားလည်မှုတွေနဲ့ ရှေ့ဆက်နေတဲ့ သူတို့အတွဲလေးကို ချစ်ခင်စွာ အားပေးကြပါတယ်။

ချစ်သူကို အမြဲပျော်ရွှင်အောင် ဖန်တီးပေးတတ်တဲ့ Mikis က ဒီနေ့မှာလည်း ဂါဝန်ဝတ်ပြီး မိန်းကလေးတစ်ယောက်လို ဟန်ပန်အမူအယာတွေနဲ့ စုစုဝေကို စနောက်ခဲ့တာကို တွေ့ရပါတယ်။ Mikis Weber ရဲ့ ဟန်ပန်အမူအယာက တကယ့်ကို မိန်းကလေးတစ်ယောက်နဲ့တူပြီး ချစ်စရာကောင်းတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Mikis ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ်ကားတွေ ရိုက်ခဲ့ဖူးသူမို့ ဒီလောက်အမူအယာကတော့ သူ့အတွက် အသေးအဖွဲပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး စကားတတ်လွန်းတဲ့ Mikis Weber ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Mikis Weber’s fb
Bilie – Cele Connections

error: Alert: Content is protected !!