ခင္ပြန္းျဖစ္သူကို ဘယ္ေလာက္ေၾကြေၾကာင္းေျပာခဲ့ေပမယ့္ ေ႐ႊထူးရဲ႕ စကားတစ္ခြန္းေၾကာင့္ ဆြံ႕အသြားခဲ့ရတဲ့ ေ႐ႊမႈံရတီ

ျပည္သူခ်စ္အႏုပညာရွင္ႏွစ္ေယာက္ျဖစ္တဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔က ေနနဲ႔လ၊ ေ႐ႊနဲ႔ျမလို လိုက္ဖက္လြန္းတဲ့ ဇနီးေမာင္ႏွံေတြပဲ ျဖစ္ပါတယ္။ ေ႐ႊမႈံရတီက သ႐ုပ္ေဆာင္ေလာကမွာ ထိပ္ဆုံးက ရပ္တည္ေနသလို ေ႐ႊထူးကလည္း ဂီတေလာကအျပင္ အခုဆိုရင္ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ပရိသတ္ အားေပးမႈကို ရရွိပိုင္ဆိုင္ေနၿပီပဲ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ ဇနီးေမာင္ႏွံက ပရိသတ္ေတြအတြက္ သူတို႔ႏွစ္ေယာက္လုံး အတူတူ ပါဝင္တဲ့ အႏုပညာလႈပ္ရွားမႈေတြကိုလည္း ခ်ျပေလ့ရွိပါတယ္။

 

 

ဒီေန႔မွာေတာ့ ေ႐ႊမႈံရတီက ေ႐ႊထူးကို “သူ႔ကို ေႂကြမိတဲ့အခိုက္အတန႔္😜 (အိမ္ကေယာက်ာ္းကိုပဲေႂကြလို႔ရတာကို😝😝😝)” ဆိုၿပီး ခြၽဲခြၽဲႏြဲ႕ႏြဲ႕ေလးေျပာခဲ့ေပမယ့္ ေ႐ႊထူးရဲ႕ “မင္းႀကီးတို႔ ဘာတို႔ေကာ မေႂကြေတာ့ဘူးလား 😑😑😑” ဆိုတဲ့ စကားေၾကာင့္ ဆြံ့အသြားခဲ့ရရွာပါတယ္။

 

 

ေရႊထူးကေတာ့ ကိုရီးယားကားၾကည့္ျပီး မင္းသား Lee Min Ho ကို သေဘာက်ေနတဲ့ ဇနီးေလးကို အရြဲ့တိုက္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခ်စ္စရာေကာင္းျပီး ကိုရီးယားမင္းသားကိုေတာင္ သဝန္တိုတတ္တဲ့ ေရႊထူးကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Shwe Mhone Yati’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္္ရန္

ခင်ပွန်းဖြစ်သူကို ဘယ်လောက်ကြွေကြောင်းပြောခဲ့ပေမယ့် ရွှေထူးရဲ့ စကားတစ်ခွန်းကြောင့် ဆွံ့အသွားခဲ့ရတဲ့ ရွှေမှုံရတီ

ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့က နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက သရုပ်ဆောင်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသလို ရွှေထူးကလည်း ဂီတလောကအပြင် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ် အားပေးမှုကို ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ပရိသတ်တွေအတွက် သူတို့နှစ်ယောက်လုံး အတူတူ ပါဝင်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ချပြလေ့ရှိပါတယ်။

ဒီနေ့မှာတော့ ရွှေမှုံရတီက ရွှေထူးကို “သူ့ကို ကြွေမိတဲ့အခိုက်အတန့်😜 (အိမ်ကယောကျာ်းကိုပဲကြွေလို့ရတာကို😝😝😝)” ဆိုပြီး ချွဲချွဲနွဲ့နွဲ့လေးပြောခဲ့ပေမယ့် ရွှေထူးရဲ့ “မင်းကြီးတို့ ဘာတို့ကော မကြွေတော့ဘူးလား 😑😑😑” ဆိုတဲ့ စကားကြောင့် ဆွံ့အသွားခဲ့ရရှာပါတယ်။

ရွှေထူးကတော့ ကိုရီးယားကားကြည့်ပြီး မင်းသား Lee Min Ho ကို သဘောကျနေတဲ့ ဇနီးလေးကို အရွဲ့တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး ကိုရီးယားမင်းသားကိုတောင် သဝန်တိုတတ်တဲ့ ရွှေထူးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Shwe Mhone Yati’s fb
Bilie – Cele Connections

error: Alert: Content is protected !!