

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်တိုင်ရှက်လို့မကရဲပေမယ့် ညီမဖြစ်သူ သန္တာဗိုလ်ကို ဆာရီလေးဝတ်ခိုင်းပြီး ကျော်ထက်အောင်နဲ့ အတွဲ Tik Tok လေး ဖန်တီးပေးခဲ့တဲ့ ချောရတနာ

သရုပ်ဆောင် ချောရတနာနဲ့ သန္တာဗိုတို့ ညီအစ်မနှစ်ယောက်က အနုပညာလောကမှာ အသီးသီး အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်ကြသူများ ဖြစ်ကြပါတယ်။ ချောရတနာနဲ့ သန္တာဗိုလ်တို့က အသက်အရွယ်တော်တော်လေး ကွာပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေလို ရင်းရင်းနှီးနှီးရှိကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချောရတနာက ညီမဖြစ်သူ သန္တာဗိုကို အဝတ်အစားတွေဆင်ပြီး Tik Tok ရိုက်ခိုင်းခဲ့ကြောင်း ပြောပြလာပါတယ်။

“စီစဉ်သူ ကိုယ်ပါ 🤔 ကချင်တာလည်းကိုယ်ပါ🤫 မကရဲတာလည်းကိုယ်ပါ 😝” ဆိုပြီး ညီမဖြစ်သူ သန္တာဗိုလ်က ဆာရီအင်္ကျီလေးဝတ်ခိုင်းပြီး ကျော်ထက်အောင်နဲ့အတူတူ စုံတွဲလေး ကခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သန္တာဗိုလ်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

သန္တာဗိုလ်ကတော့ ကတတ် အိုက်တတ်လုပ်တတ်တဲ့နေရာမှာတော့ အစ်မဖြစ်သူ ချောရတနာထက် သာတယ်လို့ ဆိုရမယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သန္တာဗိုလ်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်။

Source: Chaw Yadanar’s fb
Bilie – Cele Connections

error: Alert: Content is protected !!