

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Stay Home ကာလမှာ ငယ်ငယ်ကဝါသနာတစ်ခုဖြစ်တဲ့ ပန်းချီဆွဲခြင်းကို ပြန်လည်လေ့ကျင့်ဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဗီဒီယို

မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို အပိုအလိုမရှိ သရုပ်ဆောင်နိုင်တာကြောင့် မှတ်ချက်ကောင်းတွေကိုသာ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ခြင်းအပြင် စောင်းတီးခြင်း၊ ပန်းချီဆွဲခြင်းစတဲ့ အနုပညာရပ်တွေကိုလည်း ငယ်စဉ်ကတည်းက သင်ကြားတတ်မြောက်ထားသူတစ်ယောက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကိုယ်တိုင် စောင်းတီးပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိပေမယ့် သူမလက်ရာ ပန်းချီကားကတော့ ပရိသတ်တွေ အမြင်အတွေ့နည်းပါတယ်။

အခုလို အနုပညာလုပ်ငန်းတွေ မလုပ်ရတဲ့ Stay Home ကာလမှာ အိန္ဒြာကျော်ဇင်က ငယ်ငယ်က ဝါသနာဖြစ်တဲ့ ပန်းချီဆွဲခြင်းကို ပြန်လည်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သူမနေအိမ် ပတ်ဝန်းကျင်ရှုမျှော်ခင်းတွေကြည့်ပြီး ပန်းချီဆွဲဖြစ်နေတဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးထားပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီကားလေးကတော့ အခုမှ ကောက်ကြောင်းလေးတွေသာရှိသေးပေမယ့် အသေးစိတ်လွန်းတာကိုတော့ တွေ့ရပါတယ်။ ဒီပန်းချီကားလေး ပြီးသွားရင် ပရိသတ်ကြီးဆီ ချပြမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲနော်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!