Sai Sai Birthday Show In Bedroom ကို မၾကည့္လိုက္ရတဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းေလး ေျပာလာတဲ့ စိုင္းစိုင္းခမ္းလိႈင္

စိုင္းစိုင္းခမ္းလိႈင္က နွစ္စဥ္ ဧျပီလ (၁၀) ရက္ေန့မွာ သူ့ရဲ့ Birthday Show ကို ပရိသတ္ေတြ အေယာက္ေထာင္ေက်ာ္နဲ့ ခမ္းခမ္းနားနား က်င္းပေလ့ရိွတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီနွစ္မွာေတာ့ Covid -19 ေၾကာင့္ လူစုလူေဝးမျပဳလုပ္ရေပမယ့္ စိုင္းစိုင္းခမ္းလိႈင္က အစဥ္အလာမျပတ္ Sai Sai Birthday Show In Bedroom ဆိုျပီး Sai Sai Pay App ကေန တဆင့္ Live လႊင့္ျပသခဲ့တာ ျဖစ္ပါတယ္။

 

 

ဧျပီလ (၁၀) ရက္ေန့က Sai Sai Birthday Show In Bedroom ကို မၾကည့္လိုက္ရတဲ့ ပရိသတ္ေတြအတြက္ ဒီေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က သတင္းေကာင္းေလး တစ္ခုကို ေျပာျပလာပါတယ္။ “အိပ္ခန္းထဲက Birthday Show မၾကည့္လိုက္ရတဲ့သူေတြကို သတင္းေကာင္းေလးေဝမွ်ခ်င္ပါတယ္။ MRTV – 4 Free To Air ပါ။ ​က်ေနာ္လည္း အစအဆုံးျပန္ၾကည့္ၿပီးေတာ့ ေနာက္ႏွစ္ ေျမျပင္မွာ အတူတူဆင္ႏႊဲခြင့္ရမယ့္ အခ်ိန္ကို ေမွ်ာ္လင့္ေစာင့္စားေနပါမယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

စိုင္းစိုင္းခမ္းလိႈင္ရဲ့ Sai Sai Birthday Show In Bedroom ကို MRTV – 4 ရုပ္သံလိုင္းမွတဆင့္ ဧျပီလ (၂၅) ရက္ေန့နဲ့ (၂၆) ရက္ေန့ ည ၉ နာရီတိတိမွာ ထုတ္လႊင့္ျပသမွာမို့ မၾကည့္လိုက္ရတဲ့ ပရိသတ္ေတြအေနနဲ့ ျပန္လည္အားေပးနိုင္ၾကပါျပီလို့ သတင္းေကာင္းေလး ပါးပါရေစေနာ္။

 

 

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Sai Sai Birthday Show In Bedroom ကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေး ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က နှစ်စဉ် ဧပြီလ (၁၀) ရက်နေ့မှာ သူ့ရဲ့ Birthday Show ကို ပရိသတ်တွေ အယောက်ထောင်ကျော်နဲ့ ခမ်းခမ်းနားနား ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Covid -19 ကြောင့် လူစုလူဝေးမပြုလုပ်ရပေမယ့် စိုင်းစိုင်းခမ်းလှိုင်က အစဉ်အလာမပြတ် Sai Sai Birthday Show In Bedroom ဆိုပြီး Sai Sai Pay App ကနေ တဆင့် Live လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ (၁၀) ရက်နေ့က Sai Sai Birthday Show In Bedroom ကို မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သတင်းကောင်းလေး တစ်ခုကို ပြောပြလာပါတယ်။ “အိပ်ခန်းထဲက Birthday Show မကြည့်လိုက်ရတဲ့သူတွေကို သတင်းကောင်းလေးဝေမျှချင်ပါတယ်။ MRTV – 4 Free To Air ပါ။ ကျနော်လည်း အစအဆုံးပြန်ကြည့်ပြီးတော့ နောက်နှစ် မြေပြင်မှာ အတူတူဆင်နွှဲခွင့်ရမယ့် အချိန်ကို မျှော်လင့်စောင့်စားနေပါမယ်။” ဆိုပြီး ပြောထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai Birthday Show In Bedroom ကို MRTV – 4 ရုပ်သံလိုင်းမှတဆင့် ဧပြီလ (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့ ည ၉ နာရီတိတိမှာ ထုတ်လွှင့်ပြသမှာမို့ မကြည့်လိုက်ရတဲ့ ပရိသတ်တွေအနေနဲ့ ပြန်လည်အားပေးနိုင်ကြပါပြီလို့ သတင်းကောင်းလေး ပါးပါရစေနော်။

Source: Sai Sai Kham Leng ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!