

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“Covid 19 ဗိုင်းရပ်စ်ပိုးကြောင့် အခုဆို ညညအိပ်မပျော်တဲ့ ရောဂါပါ ရနေပြီဆိုတဲ့ ခင်ဇာခြည်ကျော်”

သဘာဝကျအောင် ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးခင်ဇာခြည်ကျော်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ခင်ဇာခြည်ကျော်ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ဘုန်းမင်းနေလရဲ့ မိခင်လည်းဖြစ်ပါသေးတယ်..။ သားဖြစ်သူ ဘုန်းမင်းနေလနဲ့ အတူ အနုပညာအလုပ်တွေကို လုပ်ဆောင်ရင်းပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတဲ့ သူပဲဖြစ်ပါတယ်.။

ဗိုင်းရပ်စ်ပိုးကြောင့် အိမ်မှာပဲ နေပြီး သားနဲ့ သမီးဖြစ်သူတို့နဲ့အတူတူ Tik Tok လေးတွေဆော့ကာ ပျော်ရွှင်နေတဲ့သူပဲဖြစ်ပါတယ်။ ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာတော့ည ခင်ဇာခြည်ကျော်က ဗိုင်းရပ်စ်ပိုးကြောင့် Stay Home နေရမယ့် အချိန်ကို ပိုတိုးသတ်မှတ်လိုက်တာကြောင့် စိတ်ညစ်မိတဲ့အကြောင်းလေးကို “အမ လေး ကို ဗစ်ရယ် အခုတောင် ညညဆို အိပ်မပျော်တဲ့ ရောဂါ ရနေပါပြီ …” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

လူတိုင်းညညဆို အိပ်မပျော်နိုင်အောင် ဖြစ်ရတဲ့ Covid 19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ပိုမိုများပြားလာတာကြောင့် ထပ်တိုး Stay Home နေကြဖို့ သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်..။ ခင်ဇာခြည်ကျော်က အခုလက်ရှိမှာတောင် အိပ်မပျော်နိုင်အောင် ဖြစ်နေချိန် ထပ်တိုးလူနာတွေနဲ့ ထပ်တိုး Stay Home နေကြဖို့ သတ်မှတ်ခံရလို့ စိတ်ညစ်ဝမ်းနည်းမိတဲ့ အကြောင်းလေးကို ရင်ဖွင့်ထင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာရော ခင်ဇာခြည်ကျော်လို ဗိုင်းရပ်စ်ပိုးကြောင့် စိတ်ညစ်ပြီး အိပ်မပျော်တဲ့ သူတွေရှိရင်လည်း မှတ်ချက်လေးတွေ  ရေးပေးသွားပါဦးနော်..။
Source: Khin Zarchi Kyaw’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!