

 

 


 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သြစတေးလျကနေပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ Show ကို အားပေးနေကြောင်း ပြသလိုက်တဲ့ ယွန်းဝတီလွင်မိုး

မင်းသားကြီး လွင်မိုးရဲ့ သမီးအကြီးဖြစ်သူ ယွန်းဝတီလွင်မိုးက ဘိုဆန်တဲ့မျက်နှာလေးနဲ့ အရမ်းတည်ငြိမ်အေးဆေးလွန်းတာကြောင့် ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သလို အခုလက်ရှိမှာတော့ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းတက်နေရင်း နေထိုင်နေတာပဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ စိုင်းစိုင်းခမ်းလှိုင်ကို ကြိုက်နှစ်သက်အားပေးတဲ့ ယွန်းဝတီလွင်မိုးက သြစတေးလျမှာ နေထိုင်ရင်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ Show ကို အားပေးခဲ့ကြောင်း ပြောထားပါတယ်။ ယွန်းဝတီလွင်မိုးကတော့ စိုင်းစိုင်းရဲ့ “စိတ်ကူးယဉ်အနမ်းများနဲ့” သီချင်းဟာ သူမအကြိုက်ဆုံးတစ်ပုဒ်ဖြစ်တယ်လို့ အင်စတာဂရမ်မှာ ပြောထားပါတယ်။

ယွန်းဝတီလွင်မိုးကတော့ လူငယ်လေးတစ်ယောက်ပီပီ နိုင်ငံတွေခြားနေပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကို တကူးတကအားပေးနေကြောင်း ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Yun Wady Lwin Moe’s ig
Bilie – Cele Connections

error: Alert: Content is protected !!