(၁၈)ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔အမွတ္တရအျဖစ္ ခ်စ္သုေဝရဲ႕ ေဖာင္ေဒးရွင္းမွာ ႏွစ္ဆယ့္တစ္သိန္းဖိုး လွဴဒါန္းခဲ့တဲ့ ခိုင္သင္းၾကည္တို႔ ဇနီးေမာင္ႏွံ

မပြတ္ကြၽတ္လို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ မင္းသမီးေခ်ာေလး ခိုင္သင္းၾကည္က အႏုပညာနဲ႔ ပက္သတ္ၿပီး ေအာင္ျမင္မႈရရွိေနသလို သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါပဲ။ ဒီကေန႔ ဧၿပီလ (၂၄) ရက္ေန႔ကေတာ့ ခိုင္သင္းၾကည္တို႔ ဇနီးေမာင္ႏွံရဲ႕ မဂၤလာသက္တမ္း (၁၈)ႏွစ္ျပည့္တဲ့ ေန႔ေလးပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္တို႔ ဇနီးေမာင္ႏွံက မဂၤလာႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အျဖစ္ ခ်စ္သုေဝရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းမွာ အလႉဒါနေတြ ျပဳလုပ္ခဲ့ပါတယ္။

 

 

ခိုင္သင္းၾကည္တို႔ ဇနီးေမာင္ႏွံက ေခတ္သစ္ေဖာင္ေဒးရွင္းမွတဆင့္ ေငြက်ပ္ (၂၁၅၀၀၀၀) တန္ဖိုးရွိ ၃ လွွာ Mask အခု (၂၀၀၀)၊ PPE ဝတ္စုံ (၅၀) နဲ႔ Googles အခု (၁၀၀)တို႔ကို လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ခိုင္သင္းၾကည္ကေတာ့ သူမတို႔ရဲ႕ မဂၤလာရွိတဲ့ ေန႔ထူးေန႔ျမတ္ေလးကို အလႉအတန္းေတြ ျပဳလုပ္ခြင့္ရလို႔ ဝမ္းသာေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။

 

 

ခိုင္သင္းၾကည္နဲ႔ ကိုခန႔္ႏိုင္တို႔ရဲ႕ အလႉေလးကို ​ေဝဘာဂီ​ေဆး႐ုံ၊ မုံ႐ြာ​ေဆး႐ုံ၊ fever clinic မ်ားသို႔ လိုအပ္သလို ခြဲေဝလွဴဒါန္းသြားမယ္လို့ ေခတ္သစ္ေဖာင္ေဒးရွင္းမွ ခ်စ္သုေဝက ေျပာထားပါတယ္။ ခိုင္သင္းၾကည္တို့ ဇနီးေမာင္နွံနွစ္ေယာက္ မဂၤလာသက္တမ္း (၁၈)နွစ္မွတဆင့္ ေနာက္နွစ္ေပါင္းမ်ားစြာတိုင္ အခုလုိပဲ အလွဴအတန္းေတြျပဳလုပ္ျပီး ေပ်ာ္ရႊင္ခ်မ္းေျမ့စြာ ျဖတ္သန္းနိုင္ၾကပါေစေနာ္။

 

 

Source: Khine Thin Kyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

(၁၈)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့အမှတ်တရအဖြစ် ချစ်သုဝေရဲ့ ဖောင်ဒေးရှင်းမှာ နှစ်ဆယ့်တစ်သိန်းဖိုး လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံ

မပွတ်ကျွတ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး ခိုင်သင်းကြည်က အနုပညာနဲ့ ပက်သတ်ပြီး အောင်မြင်မှုရရှိနေသလို သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲ။ ဒီကနေ့ ဧပြီလ (၂၄) ရက်နေ့ကတော့ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၈)နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံက မင်္ဂလာနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှာ အလှူဒါနတွေ ပြုလုပ်ခဲ့ပါတယ်။

ခိုင်သင်းကြည်တို့ ဇနီးမောင်နှံက ခေတ်သစ်ဖောင်ဒေးရှင်းမှတဆင့် ငွေကျပ် (၂၁၅၀၀၀၀) တန်ဖိုးရှိ ၃ လှာ Mask အခု (၂၀၀၀)၊ PPE ဝတ်စုံ (၅၀) နဲ့ Googles အခု (၁၀၀)တို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ခိုင်သင်းကြည်ကတော့ သူမတို့ရဲ့ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်လေးကို အလှူအတန်းတွေ ပြုလုပ်ခွင့်ရလို့ ဝမ်းသာပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ရဲ့ အလှူလေးကို ဝေဘာဂီဆေးရုံ၊ မုံရွာဆေးရုံ၊ fever clinic များသို့ လိုအပ်သလို ခွဲဝေလှူဒါန်းသွားမယ်လို့ ခေတ်သစ်ဖောင်ဒေးရှင်းမှ ချစ်သုဝေက ပြောထားပါတယ်။ ခိုင်သင်းကြည်တို့ ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာသက်တမ်း (၁၈)နှစ်မှတဆင့် နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ အလှူအတန်းတွေပြုလုပ်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေနော်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!