



Soure : Eaindra Kyaw Zin
ယူနီကုတ်ဖြင့်ဖတ်ရန်

” ပြေတီဦးတို့သားအဖသုံးယောက် ခြံထွက်သရက်သီးခူးနေပုံကို ချစ်မဝဖြစ်ကာ ဗီဒီယိုဖိုင်လေး တင်လာတဲ့ အိန္ဒြာကျော်ဇင်”

CeleConnections ပရိသတ်ကြီးရေ အူဝဲလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်လေ့ရှိတဲ့ ဝါရင့်အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ (၂၀၁၉)ခုနှစ်အကယ်ဒမီမှာ ပရိသတ်တွေ ခန့်မှန်းမှတ်ချက်ပေးခံနေတဲ့ မင်းသမီးတွေထဲက ထိပ်ဆုံးတစ်ယောက်ပါပဲနော်။ အကယ်ဒမီ ( ၂)ဆုကို (၂၀၀၄၊၂၀၁၇) ခုနှစ်တွေမှာ အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆု တွေကို ပိုင်ဆိုင်ထားပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေ အနုပညာကဝေလို့ တောင် တင်စားရတဲ့ ထိပါပဲနော်။

အူဝဲကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ မင်းသားပြေတီဦးလက်ထပ်ခဲ့ပြီး ချစ်စရာကောင်းတဲ့သားနဲ့သမီးလေးကို ပိုင်ဆိုင်တားသူပါ..။အခုဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး လည်း ပညာပေးတွေအပြင် လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

အခုချိန်မှာ အနုပညာအလုပ်ရပ်နားပြီး အိမ်မှာပဲ မိသားစုလိုက်နေနေတဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ဒီနေ့မှာလည်း အိမ်ထဲမှာနေကာ မိသားစုလိုက်ပျော်ရွှင်စရာလေးတွေဖန်တီးကာအချိန်တွေကုန်ဆုံးနေကြတာပါ။ ” သားအဖ၃ယောက်သရက်သီးခူးတာ ကမ္ဘာပျက် “ဆိုတဲ့စာလေးနဲ့အတူ ပြေတီဦးတို့သားအဖသုံးယောက် ခြံထွက်သရက်သီးခူးနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြလာတာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီးလည်း ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပျော်ရွှင်မှုတွေကူးစက်သွားတယ်ဆိုရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Soure : Eaindra Kyaw Zin
Candy CeleConnections

error: Alert: Content is protected !!