Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
အိန္ဒြာကျော်ဇင်နဲ့ နှစ်ယောက်အတူတူ ဖန်တီးချင်တဲ့ အိပ်မက်တစ်ခုရှိကြောင်း ဖွင့်ပြောလာတဲ့ ယုန်လေး
အဆိုတော်၊ သရုပ်ဆောင် ယုန်လေးက နောက်ပိုင်းမှာ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ဦးစီးပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေး ရိုက်ကူးခဲ့တဲ့ “Special 9” ၊ “Orginal Gangster”၊ “သတိ အန္တရာယ်ရှိသည်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အောင်မြင်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးဟာ သူ့ထက်ငယ်တဲ့ ဂျူနီယာတွေကို လက်တွဲခေါ်ဆောင်သလို သူ့ထက် သမ္ဘာရင့်ဝါရင့် အနုပညာရှင်တွေကိုလည်း လေးစားတတ်သူတစ်ယောက် ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ယုန်လေးက နိုင်ငံကျော် မင်းသမီး အိန္ဒြာကျော်ဇင်အတွက် မွေးနေ့ဆုတောင်း တောင်းပေးရင် အိန္ဒြာကျော်ဇင်နဲ့အတူတူ ဖန်တီးချင်တဲ့ အိပ်မက်တစ်ခုအကြောင်းကို ပြောလာပါတယ်။ “ငယ်ငယ်လေး ထဲက အားပေးပြီး ကြိုက်နှစ်သက်ခဲ့သော IDOL ချစ်မကြီး Happy Birthday Par။ အရာရာအဆင်ပြေပါစေ။ ကျွန်တော် အိပ်မက်တစ်ခုရှိတယ်။ မအူဝဲနဲ့ မောင်နှမ အက်ရှင်ကားရိုက်နိုင်ဖို့။ လိုတိုင်းရ လုပ်တိုင်းဖြစ်ပါစေ။ ကိုတီ နဲ့ မအူဝဲ သာယာနွေးထွေးတဲ့ မိသားစုရာသက်ပန် ပိုင်ဆိုင်နိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးရင်း သူဖြစ်ချင်တာလေးကို ပြောပြလာပါတယ်။
ယုန်လေးကတော့ အိန္ဒြာကျော်ဇင်နဲ့အတူတူ အက်ရှင်ကားတစ်ကားရိုက်ဖို့က သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထားတာပဲ ဖြစ်ပါတယ်။ ယုန်လေးရဲ့ အိပ်မက်တွေ အမြန်ဆုံးဖြစ်လာနိုင်ပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Yone Lay’s fb
Bilie – Cele Connections
error: Alert: Content is protected !!