ယူနီကုဒ်ဖြင့် ဖတ်ရန်
“အိန္ဒြာကျော်ဇင်ကို စံပြမင်းသမီးအဖြစ် မွေးဖွားလာခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်ဆိုတဲ့ ပိုင်ဖြိုးသု”
ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ပိုင်ဖြိုးသုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပိုင်ဖြိုးသုဟာ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သိမ်းပိုက်သွားခဲ့ပြီး ပြောင်မြောက်လှတဲ့ သူမရဲ့ အနုပညာအပေါ် ရူးသွပ်မှုတွေကို ချပြခဲ့တဲ့သူပဲဖြစ်ပါတယ်..။ သူမရဲ့ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ “ Now & Ever ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုတွေကို ခံရတဲ့ ဇာတ်ကားကြီးတစ်ကားလို့ ဆိုရမှာပါ..။
ပိုင်ဖြိုးသုဟာ သူမရဲ့ အနုပညာအပေါ် ရူးသွပ်မှု၊ နှစ်သက်မှုတွေကို တိုးတက်အောင် အမြဲကြိုးစားလုပ်ဆောင်နေတဲ့သူလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာတော့ သူမရဲ့ အနုပညာအပေါ် ရူးသွပ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ သူမရဲ့ အိုင်ဒေါ မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ (၄၃)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ ဆုမွန်ကောင်းစကားလေးကို “Happy birthday to my idol … Thank you for being born .. Thank you for being an amazing actress .. And above all, thank you for all the inspiration you have given to us ..။ မွေးနေ့မှာ ပျော်ရွှင်ပါစေ My Idol ရေ..။
မွေးဖွားလာပေးတဲ့အတွက် ကျေးဇူးတင်သလို အောင်မြင်ကျော်ကြားပြီး တောက်ပနေတဲ့ ငွေကြယ်ပွင့် တစ်ပွင့်အနေနဲ့ ကျွန်မတို့အတွက် ရှေ့ဆောင်လမ်းပြ အနုပညာရှင်တစ်ယောက်ဖြစ်ပေးတဲ့အတွက်ကိုလည်း ကျေးဇူးတင်မိတယ်..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အနုပညာကို ရူးသွပ်လာအောင် ရှေ့ဆောင်လမ်းပြဖြစ်ပေးခဲ့ဲတဲ့ အိုင်ဒေါမင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့လေးကို ကျေးဇူးတင် စကားနဲ့အတူ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာ အသက် (၄၃)နှစ်ပြည့်သွားခဲ့တဲ့ အိန္ဒြာကျော်ဇင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေကိုလည်း ဆုမွန်ကောင်းတောင်းပေ  းသွားကြပါဦးနော်..။
Source: Paing Pyoe Thu’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!