

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်မှာနေရင်း သူမချစ်သူကြိုက်တဲ့ ဟင်းတွေကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်နေပြီဆိုတဲ့ အေးမြတ်သူ”

ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အေးမြတ်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ကျရာ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကာ သူမရဲ့ အနုပညာအရည်အချင်းတွေကို အမြဲတိုးတက်အောင် ကြိုးစားလုပ်ဆောင်နေသူပဲဖြစ်ပါတယ်..။ အေးမြတ်သူက မိသားစုဝင်များကိုလည်း အချိန်ပေးကာ ပျော်ရွှင်အောင်ထားပေးရင်း သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတဲ့သူပါ..။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေရတဲ့ အချိန်လေးတွေမှာ အေးမြတ်သူက သူမတတ်တဲ့ ဟင်းချက်လက်ရာတွေကို တစ်နေ့တစ်မျိုးမရိုးအောင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာလည်း အေးမြတ်သူက သူမကျွမ်းကျင်တဲ့ ဟင်းလေးတစ်ခွက်အကြောင်းကို “ချစ်သူ က ပုဇွန်တုပ်… ကြိုက်တယ်ရှင့်.။ ကိုယ် အကျွမ်းအကျင်ဆုံး ကလည်း… ပုဇွန်ကိုင်တာ နဲ့ ချက်တာရှင့်….။ stayathome” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အေးမြတ်သူကတော့ သူမရဲ့ ချစ်သူကြိုက်တဲ့ ပုဇွန်တုပ်ဟင်းကို သူမက ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ကြောင်းလေးကို ကြွားကြွားဝါဝါလေးတင်လာခဲ့ တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဟင်းချက်ကောင်းတဲ့ အေးမြတ်သူရဲ့ ဟင်းချက်လက်ရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Aye Myat Thu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!