ယူနီကုဒ်ဖြင့်ဖတ်ရန်
” အရိပ်ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်ရိုက်ကွင်းအမှတ်တရဗီဒီယိုဖိုင်လေးကို သတိတရချပြလိုက်တဲ့ မေမြင့်မိုရ်”
Forever Groupက စီစဉ်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိလာတဲ့ မေမြင့်မိုရ်လေးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမြင့်မိုရ်ကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်ပိုင်းမှာ စီနီယာတွေကဲ့သို သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ ရုပ်ရည်ချောမောမှုကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးတစ်လက်ဖြစ်ပါတယ်။
မေမြင့်မိုရ်ကတေ့ာ အခုချိန်မှာ ကပ်ဆိုးတွေဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနေရင်း သူမရိုက်ကူးထားတဲ့ ဇာတ်ကားတွေရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ အပျင်းပြေဆော့ထားတဲ့ tik tokဗီဒီယိုဖိုင်လေးတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ” အရိပ်” ဇာတ်ကားရိုက်နေစဉ် အမှတ်တရလေးတွေကို ဗီဒီယိုလေးရိုက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ MayMilyလေးတွေအတွက် အမှတ်တရဗီဒီယိုလေးကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ အရိပ်ဇာတ်လမ်းတွဲ အမှတ်တရဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်တယ်။ပရိသတ်ကြီးကလည်း ဗီဒီယိုဖိုင်လေးကြည့် မေမြင့်မိုရ်အတွက် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure… May Myint Mo’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!