

 

 


 

 


 

 

Source: Ye Lay Ma’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အခက်အခဲဖြစ်နေတဲ့အချိန် ထောက်ပံ့လှူဒါန်းပေးတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ဘယ်တော့မှမမေ့ပါဘူးဆိုတဲ့ ရဲလေးမ

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမဟာ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ မိန်းမလျာကာရိုက်တာက ပရိသတ်တွေကြားထဲ နာမည်ကြီးတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းလိုလိုမှာ သရုပ်ဆောင်ခွင့်ရပေမယ့် မိသားစုဝင်အများကြီးကို ရှာဖွေကျွေးမွေးနေရတဲ့ ရဲလေးမဟာ ငွေရေးကြေးရေးချို့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရဲလေးမက သူ့ရဲ့ အိမ်ထိလာရောက်လှူဒါန်းပေးတဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကျေးဇူးကို ဘယ်တော့မှ မမေ့မယ့်အကြောင်း ပြောပြလာပါတယ်။

ရဲလေးမက “ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ထောက်ပံ့ပစ္စည်းလေးတွေကို အိမ်တိုင်ယာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးပါ။ အခုလို လိုအပ်တဲ့အချိန်၊ အခက်အခဲဖြစ်နေတဲ့အချိန် ပေးလို့ ဘယ်တော့မှ မမေ့ပါဘူးလို့နော်။” ဆိုပြီး ကျေးဇူးတင်စကားလေး ပြောထားတာကို တွေ့ရပါတယ်။

ရဲလေးမကတော့ စိတ်ကောင်းရှိသူပီပီ သူ့ကို ကူညီချင်တဲ့သူတွေက တပုံကြီးရှိသူတစ်ယောက် ဖြစ်ပါတယ်။ ရဲလေးမတစ်ယောက် ဒီထက်မက အဆင်ပြေချောင်လည်တဲ့ နေ့ရက်လေးကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ye Lay Ma’s fb
Bilie – Cele Connections

error: Alert: Content is protected !!