

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သားကြီး ဘုန်းမင်းနေလကို ဂါဝန်ဝတ်ခိုင်းပြီး Tik Tok ဆော့ခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ အခွီဗီဒီယို

သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားနဲ့သမီးကို ပြုစုပျိုးထောင်ရင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ယောက်ပါ။ ခင်ဇာခြည်ကျော်ရဲ့ သားနဲ့သမီးဖြစ်တဲ့ ဘုန်းမင်းနေလနဲ့ ထင်သစ္စာကလည်း မေမေ့လိုပဲ ချောမောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အနုပညာကိုလည်း ဝါသနာပါတာကြောင့် ပရိသတ်တွေရဲ့ သတိထားအားပေးခြင်းကို ခံနေရသူလေးတွေ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခင်ဇာခြည်ကျော်က သူမရဲ့ သားကြီး ဘုန်းမင်းနေလနဲ့အတူတူ ဖေ့စ်ဘုတ်မှာ ခေတ်စားနေတဲ့ Flip the Switch Challenge လေးကို ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ ဘုန်းမင်းနေလတို့ သားအမိရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခင်ဇာခြည်ကျော်တို့ သားအမိကတော့ အတွဲညီညီနဲ့ Flip the Switch Challenge လေးကို ပြုလုပ်ထားတာ အရမ်းချစ်စရာကောင်းကြတာပဲနော်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်နဲ့ ဘုန်းမင်းနေလတို့ရဲ့ ဗီဒီယိုလေးကို သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Source: Khin Zar Chi Kyaw’s fb
Bilie – Cele Connections

error: Alert: Content is protected !!