

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လူတကာမလုပ်နိုင်တဲ့ လုပ်အားဒါနအလှူတွေလုပ်ပေးနေတဲ့ ချစ်သုဝေအတွက် ချီးကျူးဂုဏ်ယူကြောင်းပြောလာတဲ့ ခိုင်သင်းကြည်

သရုပ်ဆောင် ခိုင်သင်းကြည်က ဒီကနေ့ ဧပြီလ (၂၄) ရက်နေ့မှာ သူမတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းမှာ ငွေကျပ် (၂၁)သိန်းကျော် တန်ဖိုးရှိ ဆေးဝါးဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ခေတ်သစ်ဖောင်ဒေးရှင်းမှာ အလှူပစ္စည်းတွေ သွားရောက်ပေးအပ်ရင်း အလုပ်တွေ ကြိုးစားနေတဲ့ ချစ်သုဝေကိုတွေ့ပြီး အခုလိုပဲ ချီးကျူးစကားလေး ပြောထားပါတယ်။

“Covid 19 ကာလမှာအမြဲတမ်း လိုအပ်တဲ့နေရာတွေကို ချက်ချင်းပို့ဆောင်လှူဒါန်းပေးနေတဲ့အတွက် သာဓုပါ။ အစ်မတို့မလုပ်နိုင်တဲ့ လုပ်အားဒါနအလှူတွေအတွက် ဂုဏ်ယူပါတယ် ညီမရေ” ဆိုပြီး ချစ်ရတဲ့ ညီမလေး ချစ်သုဝေအတွက် ဝမ်းသာဂုဏ်ယူနေကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်

ခိုင်သင်းကြည် ချီးကျူးသလိုပဲ ချစ်သုဝေက သူ့ကိုယ်သူ မင်းသမီးအဆိုတော်တစ်ယောက်ဆိုတာကို မေ့ထားပြီး ပြည်သူတွေနဲ့ တသားတည်း အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေလည်း ခိုင်သင်းကြည်ရဲ့ အားပေးချီးကျူးစကားကြောင့် ဝမ်းသာပီတိဖြစ်နေမယ်လို့ ထင်ပါတယ်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!