

 

 


 

 


 

 

 

Source:Soe Pyae Thazin
ယူနီကုတ်ဖြင့်ဖတ်ရန်

” မိဘတွေရဲ့ (၃၂)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှာ ထူးခြားတဲ့မိဘတွေရဲ့ ဇာတ်လမ်းတွေကို ဝေမျှလိုက်တဲ့ စိုးပြည့်သဇင် ”

CeleConnectionsပရိသတ်ကြီးရေ စိုးပြည့်သဇင် ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်လောက်ထဲက ဝင်ရောက်ခဲ့ကာ နာမည်ပျက်မရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ် ။ ဒိတ်ဒိတ်ကြဲမင်းသမီးတွေနဲ့လည်းအမျိုးတော်စပ်ကာ အနုပညာမျိုးရိုးရှိတဲ့သူတစ်ယောက်ဆိုတာအမှန်ပါပဲနော်။

ဒါ့အပြင်သရုပ်ဆောင်မှာလည်း အသက်ငယ်ငယ်နဲ့ အကယ်ဒမီဆုကိုဆွတ်ခူးထားနိုင်သူဖြစ်ပြီး အဆိုဘက်မှာလည်း သူမသီချင်းတွေကို ပရိသတ်တွေကလက်ခံအားပေးတဲ့အပြင် ချိုသာအေးမြတဲ့ အသံပါဝါကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ တောင်ငူသူလေးဖြစ်ပြီး လက်ရှိမှာဖြစ်ပွားနေတဲ့ Covid 19ကြောင့် သူမမိဘတွေနဲ့အတူ တောင်ငူမှာHome Stayနေကာ ပရိသတ်တွေကိုလည်း ဆောင်ရန်ရှောင်ရန်တွေ တိုက်တွန်းပြောကြားသတိပေးနေသူတစ်ယောက်ပါ။

ဒီနေ့မှာတော့ ” Stay home 32 th Happy Anniversary ပါဖေကြီးနဲ့မေကြီး😍😍ဖေကြီးအတွက်ရော..မေကြီးအတွက်ရောနှစ်ဦးစလုံးအတွက် first loveတွေဖြစ်ပြီးတော့ဒီနေ့ဒီအချိန်အထိမေတ္တာတရားတွေသစ္စာတရားတွေနဲ့….တစ်သက်မှာတစ်ခါဘဲချစ်တဲ့ချစ်ခြင်းတရားဟာအရမ်းတန်ဖိုးရှိလိုက်တာ…😍😍ဒီနေ့ကျရောက်တဲ့၃၂နှစ်ပြည့်Anniversary မှစ၍ရွှေရတု…စိန်ရတုတိုင်အောင်စိတ်ချမ်းသာ…ကိုယ်ကျန်းမာစွာနဲ့ဆင်နွှဲနိုင်ပါစေလို့သမီးဆုတောင်းပေးလိုက်ပါတယ် ….သမီးငယ်ဇင်ဇင်”ဆိုတဲ့စာလေးနဲ့ ပျော်ရွှင်စွာမိသားစုလိုက်
ဖြတ်သန်းနေတဲ့အမှတ်တရပုံရိပ်လေးတွေကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။CeleConnectionsပရိသတ်ကြီးထဲမှာရောစိုးပြည့်ရဲ့မိဘတွေလို အချစ်ဦးနဲ့ လက်တွဲထားတဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Soe Pyae Thazin
Candy -CeleConnections

error: Alert: Content is protected !!