” မိဘေတြရဲ႕ ငယ္ဘဝစံုတြဲပံုရိပ္ေလးေတြနဲ႕အတူ မဂၤလာသက္တမ္း(၁၈)ႏွစ္ျပည့္ကို ဆုမြန္ေကာင္းေတာင္းေပးခဲ့တဲ့ စံထိပ္ထားဦး “

CeleConnections ပရိသတ္ႀကီးေရ စံထိပ္ထားဦးကေတာ့ ဆယ္စုႏွစ္တစ္ခုအၾကာနာမည္ပ်က္မရွိတဲ့ ဝါရင့္ထိပ္တန္းအႏုပညာရွင္ မင္းသမီးႀကီး ခိုင္သင္းၾကည္ရဲ႕ တစ္ဦးတည္းေသာ သမီးေလးဆိုတာ သိၿပီးသားျဖစ္မွာပါ။စံထိပ္ထားဦးကေတာ့ အေမျဖစ္သူရဲ႕ အႏုပညာအေမြကို ရရွိထားတဲ့သူလို႔ဆိုရမွာပါ။

 

 

ပညာေရးကိုဦးစားေပး သင္ယူေနေပမယ့္ ရရင္ရသလို အႏုပညာအလုပ္ေတြကိုလုပ္ကိုင္လ်က္လည္း ရွိပါတယ္ေနာ္။ ထိပ္ထားေလးကိုခ်စ္တဲ့ပရိသတ္ေတြလည္းမ်ားစြာရွိေနၿပီျဖစ္ၿပီး အေမျဖစ္သူလိုေတ သ႐ုပ္ေဆာင္မင္းသမီး ဘယ္ေတာ့လုပ္မွာလဲလို႔ မွတ္ခ်က္ေပးေနၾကတာေတြလည္းရွိပါတယ္ေနာ္။ဒါအျပင္ ေမေမခိုင္သင္းၾကည္ကလည္း သမီးေလးနဲ႔ ညီအစ္မေတြလို ေနထိုင္ကာ ခ်စ္စရာေကာင္းတဲ့မိသားစုေလးပါပဲေနာ္။

 

 

ဘယ္သြားသြား မိသားစုလိုက္ေပ်ာ္ရႊင္စြာ ေနတတ္တဲ့ သူမတိုကမိသားစုေလးကေတာ့ ျမင္သူတိုင္းအာက်စရာပါပဲေနာ္။ ဒီေန႕က်ေရာက္တဲ့ ဧၿပီလ (၂၄)ရက္ကေတာ့ ထိပ္ထိပ္ေလးရဲ႕ ခ်စ္လွစြာေသာ ေဖေဖနဲ႕ေမေမရဲ႕ (၁၈)ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ ပဲ ျဖစ္ပါတယ္။ အခုလိုထူးျခားတဲ့ေန႕ထူးေန႕ျမတ္ေလးကို ” Happy 18th anniversary ” ဆိုတဲ့ စာေလးနဲ႕ အတူမိသားစုလိုက္ပံုရိပ္ေလးေတြအျပင္ အေမနဲ႕အေမရဲ႕ ငယ္ဘဝစံုတြဲပံုရိပ္ေလးေတြပါေဝမွ်ကာ ဆုမြန္ေကာင္းေတာင္းေပးခဲ့တာပါ။ CeleConnections ပရိသတ္ႀကီးလည္း ထိပ္ထိပ္တို႕မိသားစုေလးကို ခ်စ္ရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

 

Soure :San HtateHtar
Candy CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” မိဘတွေရဲ့ ငယ်ဘဝစုံတွဲပုံရိပ်လေးတွေနဲ့အတူ မင်္ဂလာသက်တမ်း(၁၈)နှစ်ပြည့်ကို ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ စံထိပ်ထားဦး ”

CeleConnections ပရိသတ်ကြီးရေ စံထိပ်ထားဦးကတော့ ဆယ်စုနှစ်တစ်ခုအကြာနာမည်ပျက်မရှိတဲ့ ဝါရင့်ထိပ်တန်းအနုပညာရှင် မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးလေးဆိုတာ သိပြီးသားဖြစ်မှာပါ။စံထိပ်ထားဦးကတော့ အမေဖြစ်သူရဲ့ အနုပညာအမွေကို ရရှိထားတဲ့သူလို့ဆိုရမှာပါ။

ပညာရေးကိုဦးစားပေး သင်ယူနေပေမယ့် ရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်လည်း ရှိပါတယ်နော်။ ထိပ်ထားလေးကိုချစ်တဲ့ပရိသတ်တွေလည်းများစွာရှိနေပြီဖြစ်ပြီး အမေဖြစ်သူလိုတေ သရုပ်ဆောင်မင်းသမီး ဘယ်တော့လုပ်မှာလဲလို့ မှတ်ချက်ပေးနေကြတာတွေလည်းရှိပါတယ်နော်။ဒါအပြင် မေမေခိုင်သင်းကြည်ကလည်း သမီးလေးနဲ့ ညီအစ်မတွေလို နေထိုင်ကာ ချစ်စရာကောင်းတဲ့မိသားစုလေးပါပဲနော်။

ဘယ်သွားသွား မိသားစုလိုက်ပျော်ရွှင်စွာ နေတတ်တဲ့ သူမတိုကမိသားစုလေးကတော့ မြင်သူတိုင်းအာကျစရာပါပဲနော်။ ဒီနေ့ကျရောက်တဲ့ ဧပြီလ (၂၄)ရက်ကတော့ ထိပ်ထိပ်လေးရဲ့ ချစ်လှစွာသော ဖေဖေနဲ့မေမေရဲ့ (၁၈)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် ပဲ ဖြစ်ပါတယ်။ အခုလိုထူးခြားတဲ့နေ့ထူးနေ့မြတ်လေးကို ” Happy 18th anniversary ” ဆိုတဲ့ စာလေးနဲ့ အတူမိသားစုလိုက်ပုံရိပ်လေးတွေအပြင် အမေနဲ့အမေရဲ့ ငယ်ဘဝစုံတွဲပုံရိပ်လေးတွေပါဝေမျှကာ ဆုမွန်ကောင်းတောင်းပေးခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း ထိပ်ထိပ်တို့မိသားစုလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Soure :San HtateHtar
Candy CeleConnections

error: Alert: Content is protected !!