

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မနက်ခင်းစောစောမှာ အပြင်ထွက် လမ်းလျှောက်ရလို့ ပျော်ရွှင်မြူးနေတဲ့ မြင့်မြတ်သားလေးမြတ်သူ”

မြန်မာနိင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားမြင့်မြတ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်ပြီး အပိုအလိုမရှိ ပကတိအတိုင်း ရိုးရိုးရှင်းရှင်းနေထိုင်တတ်တာကြောင့် မြင့်မြတ်ကို ယောက်ျားလေးပရိသတ် အများစုက အားပေးချစ်ခင်ကြပါတယ်..။ အက်ရှင်ကာရိုတာတွေကိုလည်း အမိုက်စား သရုပ်ဆောင်နိုင်ပြီး အနုပညာနဲ့ ပတ်သက်ရင် ဘယ်ကဏ္ဍက မဆိုပါဝင်လုပ်ဆောင်တတ်သူ တစ်ဦးပါ.။

အနုပညာသမားအချင်းချင်းကတောင် လေးစားချစ်ခင် ရတဲ့အထိ လူချစ်လူခင်ပေါများတဲ့သူတစ်ယောက်ပါ..။ လက်ရှိမှာ ချောမောတဲ့ ဇနီးနဲ့အတူ ချစ်စဖွယ် သားလေးကိုပါ ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင် ဖြတ်သန်းနေတဲ့သူပဲဖြစ်ပါတယ်..။ မြင့်မြတ်ရဲ့ သားလေး မြတ်သူလေးဟာလည်း အဖေနဲ့တူပြီး ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်ကလေးလေး ဖြစ်လို့ နေပါပြီ..။ သားလေးမြတ်သူရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို မြင့်မြတ်ရဲ့ မန်နေဂျာအကောင့်ကနေ အမြဲ တင်ပေးလေ့ရှိပါတယ်.။

ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာတော့ မြတ်သူလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ မနက်ခင်းပုံရိပ်လေးတွေကို “Now. မင်္ဂလာရှိသောနံနက်ခင်မှာ လမ်းလျှောက်ရတာ ပျော်နေတဲ့. Chit tone kyi myat thu” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ မနက်စောစောလေးမှာ အပြင်ထွက် လမ်းလျှောက်ရလို့ အပျော်ကြီးပျော်နေတဲ့ မြတ်သူလေးကတော့ ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ချစ်ဖို့ကောင်းလွန်းတဲ့ မြတ်သူလေးရဲ့ မနက်ခင်းလမ်းလျှောက်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Myat Wai Tun’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!