

 

 


 

 


 

 

Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ဗစ်တိုးရီးယားတို့ မိသားစုလေးအတွက် မကျပ်တည်းရအောင် ကူညီခဲ့တာတွေကို ဖေ့စ်ဘုတ်ပေါ်တောင် မတင်ဖူးဘူးဆိုတဲ့ ချစ်သုဝေ

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နေပြည်တော်မူကြိုကျောင်းက ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပက်သတ်ပြီး အစစ၊ အရာရာ စိတ်ရော လူပါ ကူညီခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ နိုင်ငံကျော်ရှေ့နေတစ်ယောက်က လင်းလင်းတို့ ဇနီးမောင်နှံက ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပက်သတ်ပြီး သိန်း(၈၀၀)ကျော် အမြတ်ထွက်သွားတယ်လို့ ပြောတဲ့ အသံဖိုင်က ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး လင်းလင်းက စိတ်ဆိုးသလို ချစ်သုဝေကလည်း စိတ်မကောင်းဝမ်းနည်းဖြစ်နေရတာပဲ ဖြစ်ပါတယ်။

ချစ်သုဝေက “Vလေးတို့မိသားစုအတွက် မကျပ်တည်းရအောင် လုပ်ပေးနိုင်တာတွေ လုပ်ပေးခဲ့တာကို တခါမှတောင် fbပေါ်မတင်ဖူးခဲ့ဘူး။ ကူနိုင်သမျှအစွမ်းကုန်ကူခဲ့တာပဲရှိခဲ့တယ်။ ဒီလိုတွေပြောနေရှင်းနေရတာကိုက မဟုတ်တာ။ သမီးVလေးနဲ့ပတ်သက်ရင် အမှူမှန်လေးပေါ်စေချင်တာရယ် မိဘတွေအပါအဝင် သမီးV လေး စိတ်ဒဏ်ရာမရစေချင်တာပဲရှိတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ချစ်သုဝေရဲ့ ခင်ပွန်း လင်းလင်းကတော့ အခုလို ကိစ္စမျိုးကို စကားနဲ့ အပြောနဲ့ မရှင်းပဲ လက်တွေ့သာ ဖြေရှင်းသွားမယ်လို့ သိရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!