ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်တွေ ဝက်ဝက်ကွဲအောင်ကို ရယ်ရစေမယ့် ဂျိုကာရဲ့ “မလုံကုံကင်” သီချင်းနဲ့ Tik Tok ဗီဒီယို
အဆိုတော်ရဲလေးရဲ့ ညီဖြစ်သူ ဂျိုကာက အစ်ကိုနဲ့အတူတူ သီချင်းတွေကိုလည်း သီဆိုသလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေတာ ဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ ဂျိုကာက ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားသူပါ။ ဒီနေ့မှာတော့ ဂျိုကာက သူ့ရဲ့ ပရိသတ်တွေ အပျင်းပြေရအောင် ဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားပြန်ပါတယ်။
ဂျိုကာက ထိုင်းနိုင်ငံက Tik Tok မှာ နာမည်ကြီးနေတဲ့ “မလုံကုံကင်” သီချင်းလေးကို ဟာသပြန်လုပ်ပြီး ဗီဒီယိုလေးတစ်ပုဒ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Cele Connections ပရိသတ်တွေအတွက် ဂျိုကာရဲ့ အူတက်အောင်ကို ရယ်နေရတဲ့ Tik Tok လေးကို မျှဝေပေးလိုက်ရပါတယ်နော်။
ဂျိုကာကတော့ တကယ့်ကို ကြံကြံဖန်ဖန် ဟာသလုပ်တတ်သူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ဂျိုကာရဲ့ “မလုံကုံကင်” ဗီဒီယိုလေးကိုကြည့်ပြီး တခဏတာလောက်တော့ ဘဝအမောတွေ ပြေပျောက်သွားစေမယ်လို့ ယုံကြည်ပါတယ်နော်။
Source: Wai Yan Tun Min’s fb
Bilie – Cele Connections
error: Alert: Content is protected !!