

 

 

 


 

 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပရိသတ်တွေမမြင်ဖူးသေးတဲ့ ဘွဲ့ယူတုန်းက အမှတ်တရလေးတွေကို ချပြလာတဲ့ ခေးဆက်သွင်”

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူ မင်းသမီးချောလေး ခေးဆက်သွင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ခေးဆက်သွင်ဟာ “နှင်းဆီ” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင် မှုတွေကို ရရှိခဲ့ပြီး အမြဲတမ်း ပေါ့ပါးလန်းဆန်းကာ ပျော်ပျော်နေတတ်တဲ့သူပဲဖြစ်ပါတယ်..။

ခေးဆက်သွင်က သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၄)ရက်နေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ ဘွဲ့ယူတုန်းက ပုံရိပ်လေးတွေကို “ဘွဲ့ယူတုန်းက ပန်းနဲ့တင် အကုန် သေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အမြဲတမ်း ပျော်ရွှင်တက်ကြွနေတဲ့ ခေးဆက်သွင်က ဘွဲ့ယူတုန်းက ပုံရိပ်လေးတွေကို သူမရဲ့ ပရိသတ်တွေအတွက် တင်လာခဲ့တာပဲဖြစ်ပါတယ်နော်.။

လှပပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ခေးကတော့ ဘွဲ့ယူတုန်းက သူများနဲ့မတူ ထူးထူးခြားခြား ပန်းပွင့်အကြီးကြီးတွေကို ပန်ထားတဲ့ သူမကိုယ်သူမ ကျေနပ်ပျော်ရွှင်မိနေတဲ့ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခေးဆက်သွင်ရဲ့ ဘွဲ့ယူတုန်းက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်.။
Source: Khay Sett Thwin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!