

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“ပရိသတ်တစ်ယောက်ပေးတဲ့ ပုံတူပန်းချီလက်ဆောင်ကို သဘောကျမဆုံးဖြစ်နေတဲ့ တိုင်ရွန်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ မော်ဒယ်မင်းသားချောလေး တိုင်ရွန်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ တိုင်ရွန်ကတော့ ဇာတ်ကားတိုင်းမှာ ကျရာ ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သူတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အမိုက်စားbody တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အများဆုံးရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ အိမ်ထဲမှာနေရင်း ကိုယ်လက်အားကစားလုပ်နေတဲ့ ပုံရိပ်များနဲ့ အမိုက်စားtik tokဗီဒီယိုလေးတွေဆော့ကာ ပရိသတ်တွေအတွက် ဗီဒီယိုလေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ တိုင်ရွန်က” ပရိသတ်တစ်ဦးရဲ့ ပုံတူပန်းချီလေးဆွဲထားတဲ့ပုံရိပ်လေးကို သဘောကျနှစ်သက်တဲ့အကြောင်းကို ” လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူကို လက်ဆောင်ပေးခဲ့သမျှထဲကမှ ပုံတူပန်းချီကားလေးကို လက်ဆောင်ရတော့မှာမို့ ဝမ်းသာနေတဲ့အကြောင်းတင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် တိုင်ရွန်ရဲ့ ပုံတူပန်းချီကားလေးအကြောင်းပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း တိုင်ရွန်ရဲ့ ပုံတူပန်းချီလေးနဲ့ ပတ်သက်ပြီး မှတ်ချက်လေးတွေရေးပေးခဲ့ကြပါနော်။
Soure… Tyron Bejay’s facebook
Angella(CeleConnections)

error: Alert: Content is protected !!