

 

 


 

 


 

 

Source: Aye Thaung ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ခါမှ အတွေ့အကြုံမရှိပဲနဲ့ အမေ့ဆံပင်ကို လက်တည့်စမ်းပြီး ညှပ်ပေးခဲ့တဲ့ မအေးသောင်းရဲ့ ဗီဒီယို

အေးဝတ်ရည်သောင်းကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တာကြောင့် ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်သည့်တိုင် အိမ်ထောင်မပြုသေးတဲ့ အေးဝတ်ရည်သောင်းက မိဘတွေနဲ့အတူတူ နေထိုင်ပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မအေးသောင်းရဲ့ အနုပညာလုပ်ငန်းတွေအပြင် သူမရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ အားပေးကြတာ တွေ့ရပါတယ်။

ဒီနေ့မှာလည်း အေးဝတ်ရည်သောင်းက သူမရဲ့ အမေကို လက်တည့်စမ်းပြီး ဆံပင်ညှပ်ပေးနေတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေလာတာကို တွေ့ရပါတယ်။ ဆံပင်ညှပ်အတွေ့အကြုံမရှိပဲ အမေကို လက်တည့်စမ်းနေတဲ့ အေးဝတ်ရည်သောင်းရဲ့အဖြစ်က အရမ်းကိုရယ်စရာကောင်းတာမို့ Cele Connections ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

အေးဝတ်ရည်သောင်းကတော့ သူမဆီမှာ ဆံပင်ညှပ်ချင်ရင် တစ်ရက်ကြိုပြီး စာရင်းပေးရကြောင်းကို စနောက်ပြီး ပြောထားပါသေးတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းတို့ သားအမိရဲ့အဖြစ်ကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Aye Thaung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!