

 

 


 

 


 

 

Source: Nay Toe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ဆံပင်စတိုင်လ်နဲ့ ပရိသတ်တွေကို သဘောကျစေခဲ့တဲ့ နေတိုး

ရခိုင်တိုင်းရင်းသား မင်းသားချောနေတိုးက အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်စွာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ နေတိုးက “မိုးညအိပ်မက်မြူ”၊ “နက္ခက်မှားတဲ့တိုက်ပွဲ”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကြီး ရရှိခဲ့ပြီး “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Star Awards ဆုကြီးကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နေတိုးက (၂၀၁၉) ခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိနိုင်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခံနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Covid – 19 ကြောင့် အနုပညာလုပ်ငန်းတွေကို ရပ်နားထားရတဲ့ နေတိုးက အိမ်မှာနေရင်း သူ့ရဲ့ ပရိသတ်တွေ အလွမ်းပြေကြည့်နိုင်ဖို့အတွက် ဓာတ်ပုံလေးတွေ တင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေတိုးက ကလေးတစ်ယောက်လို ဆံပင်စည်းထားတဲ့ ပုံတစ်ပုံကြောင့် ပရိသတ်တွေခမျာ သဘောကျမဆုံး ဖြစ်နေရတာပဲ ဖြစ်ပါတယ်။

နေတိုးကတော့ သူ့ပရိသတ်တွေကို ဘာကိုမှ မဖုံးကွယ်ပဲ အရှိအတိုင်း ချပြတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးလည်း နေတိုးရဲ့ ဆံပင်စတိုင်လ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections

error: Alert: Content is protected !!