“ကပ္ဆုိးႀကီးၿပီးရင္ အရင္တုန္းက ေပ်ာ္ရႊင္ဖြယ္အမွတ္တရေလးေတြကို ျပန္ရခ်င္မိတယ္ဆိုတဲ့ ယုန္ေလး”

ျမန္မာႏိုင္ငံရဲ႕ နာမည္ေက်ာ္Rap အဆိုေတာ္ေတြထဲကမွ တစ္ဦးျဖစ္တဲ့ ယုန္ေလးနဲ႔ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ ယုန္ေလးကေတာ့ ဂီတပိုင္းမွာေအာင္ျမင္႐ုံသာမက အႏုပညာပို္င္းမွာ ကိုယ္တိုင္ဒါ႐ိုက္တာလုပ္ရင္း သ႐ုပ္ေဆာင္ထားေလ့ရွိတဲ့ Special 9နဲ႔ Original Gangster ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ေရပန္းစားေနတဲ့ ဇာတ္ကားေတြဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူရဲ႕ သ႐ုပ္ေဆာင္မႈေတြကလည္း ပီျပင္တာမို႔ ပရိသတ္ေတြရဲ႕အားေပးမႈကို ရရွိလာတာပဲျဖစ္ပါတယ္။

 

ယုန္ေလးကေတာ့ သူရဲ႕ ရတဲ့အႏုပညာေၾကးေတြနဲ႔ တတ္ႏိုင္သေလာက္လႉဒါန္းရင္း ပရဟိတလုပ္ငန္းေတြမွာလည္း ကိုယ္တိုင္ပါဝင္ခဲ့တဲ့သူတစ္ဦးပါပဲေနာ္။ ကပ္ဆိုးႀကီးေၾကာင့္ အိမ္မွာေခတၱနားေနစဥ္ အမွတ္တရပုံရိပ္ေလးေတြနဲ႔ တျခားအႏုပညာရွင္ေမာင္ႏွမမ်ားကို ေဆးထိုးေလ့ရွိတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ယုန္ေလးက”ေဘာလံုး ကြင္းေလးေတြကို လြမ္းတယ္။ Music Fc ကိုလြမ္းတယ္။MaHarUnitedFootball Crazy ကိုလြမ္းတယ္။OG Fc ကိုလြမ္းတယ္ .အရင္လိုေတြ အျမန္ျပန္ျဖစ္ပါေစ”လို႕ဆိုကာ သူရဲ႕ ျဖစ္ခ်င္ေနတဲ့ ဆႏၵေလးေတြကို လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

CeleConnections ပရိသတ္ေတြအတြက္ ယုန္ေလးရဲ႕ အရင္လိုေလးျပန္ျဖစ္ေစခ်င္တဲ့ အေၾကာင္းေလးကို ျပန္လည္ျပီးမွ်ေဝေပးလိုက္္ပါတယ္ေနာ္။ ပရိသတ္ႀကီးကေကာ ယုန္ေလးလိုဘဲ အရင္လိုေအးခ်မ္းမႈေလးေတြကို ျပန္လိုခ်င္ေနၾကမယ္လို႕ ထင္ပါတယ္။

Soure…. Yone Lay’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“ကပ်ဆိုးကြီးပြီးရင် အရင်တုန်းက ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို ပြန်ရချင်မိတယ်ဆိုတဲ့ ယုန်လေး”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်Rap အဆိုတော်တွေထဲကမှ တစ်ဦးဖြစ်တဲ့ ယုန်လေးနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ယုန်လေးကတော့ ဂီတပိုင်းမှာအောင်မြင်ရုံသာမက အနုပညာပိုင်းမှာ ကိုယ်တိုင်ဒါရိုက်တာလုပ်ရင်း သရုပ်ဆောင်ထားလေ့ရှိတဲ့ Special 9နဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်ရေပန်းစားနေတဲ့ ဇာတ်ကားတွေဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ သရုပ်ဆောင်မှုတွေကလည်း ပီပြင်တာမို့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိလာတာပဲဖြစ်ပါတယ်။

ယုန်လေးကတော့ သူရဲ့ ရတဲ့အနုပညာကြေးတွေနဲ့ တတ်နိုင်သလောက်လှူဒါန်းရင်း ပရဟိတလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတစ်ဦးပါပဲနော်။ ကပ်ဆိုးကြီးကြောင့် အိမ်မှာခေတ္တနားနေစဉ် အမှတ်တရပုံရိပ်လေးတွေနဲ့ တခြားအနုပညာရှင်မောင်နှမများကို ဆေးထိုးလေ့ရှိတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ယုန်လေးက”ဘောလုံး ကွင်းလေးတွေကို လွမ်းတယ်။ Music Fc ကိုလွမ်းတယ်။MaHarUnitedFootball Crazy ကိုလွမ်းတယ်။OG Fc ကိုလွမ်းတယ် .အရင်လိုတွေ အမြန်ပြန်ဖြစ်ပါစေ”လို့ဆိုကာ သူရဲ့ ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် ယုန်လေးရဲ့ အရင်လိုလေးပြန်ဖြစ်စေချင်တဲ့ အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကကော ယုန်လေးလိုဘဲ အရင်လိုအေးချမ်းမှုလေးတွေကို ပြန်လိုချင်နေကြမယ်လို့ ထင်ပါတယ်။

Soure…. Yone Lay’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!