“Summerေလးေတြအတြက္ ရွက္ရွက္နဲ႕ပဲ ခ်စ္စရာေကာင္းေအာင္ ေဆာ့ေပးထားတယ္ဆိုတဲ့ ဘင္ဂ်မင္ဆုမ္းရဲ႕ ဗီဒီယုုိဖိုင္”

ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ အဆိုေတာ္ ဘင္ဂ်မင္ဆုမ္းကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ဘင္ဘင္ေလးက ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို Myanmar Idol Season (4) ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ၿပီး သူ႕ရဲ႕ အနုပညာအရည္အခ်င္းေတြနဲ႕ သိမ္းပိုက္သြားခဲ့တဲ့ သူပဲျဖစ္ပါတယ္.။ လက္ရွိမွာ ၿပိဳင္ပြဲၿပီးတည္းက ပြဲေတြကို ေတာက္ေလွ်ာက္ဆိုေနၿပီး ဒိုင္လူႀကီးျဖဴျဖဴေက်ာ္သိန္းနဲ႕ Cover Song တစ္ပုဒ္ကိုလည္း အတူ  တြဲံဆိုခဲ့ပါေသးတယ္..။

 

 

 

Top (3)ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ အက္စတာ ၊ ေအးျမျဖဴတို႕နဲ႕အတူ ေၾကာ္ျငာမ်ားကိုလည္း ရိုက္ကူးခဲ့ပါေသးတယ္..။ သီခ်င္းထြက္ရွိနိုင္ဖို႕အတြက္ကိုလည္း ႀကိဳးစားေနရလို႕ Summer ေလးေတြအတြက္ သူ႕ရဲ႕ ပံုရိပ္ေလးေတြကို သိပ္ေတာင္ ခ်မျပနိုင္ခဲ့ပါဘူး..။ Stay Home ေနရေတာ့မွာ ဘင္ဘင္က Summer ေလးေတြ ေတာင္းဆုိမႈေၾကာင့္ သူ႕ရဲ႕ ပံုရိပ္ေလးေတြကို လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ မွ်ေဝလာခဲ့ပါတယ္..။ဒီေန႕ ဧၿပီလ (၂၃)ရက္ေန႕မွာေတာ့ ဘင္ဘင္က Summer ေလးေတြ ေတာင္းဆိုမႈနဲ႕ သူေဆာ့ထားတဲ့ Tik Tok ဗီဒီယုိဖို္င္ေလးကို “Summers ေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ ရွက္ရွက္နဲ႔ video တစ္ခုလုပ္လိုက္ပါတယ္” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

သိပ္မေဆာ့တတ္ေပမယ့္ Summer ေလးေတြအတြက္ ရေအာင္ ေဆာ့ေပးတဲ့ ဘင္ဂ်မင္ေလးကေတာ့ ကေလးေလးတစ္ေယာက္လို ရွက္ေနတဲ့ ပံုေလးက ခ်စ္ဖို႕ေကာင္းလြန္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ဘင္ဂ်မင္ဆုမ္းရဲ႕ Tik Tok ဗီဒီယုိအသစ္ေလးကို ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္ေနာ္.။
Source: Benjamin Sum’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“Summerလေးတွေအတွက် ရှက်ရှက်နဲ့ပဲ ချစ်စရာကောင်းအောင် ဆော့ပေးထားတယ်ဆိုတဲ့ ဘင်ဂျမင်ဆုမ်းရဲ့ ဗီဒီယိုဖိုင်”

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် အဆိုတော် ဘင်ဂျမင်ဆုမ်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဘင်ဘင်လေးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို Myanmar Idol Season (4) ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး သူ့ရဲ့ အနုပညာအရည်အချင်းတွေနဲ့ သိမ်းပိုက်သွားခဲ့တဲ့ သူပဲဖြစ်ပါတယ်.။ လက်ရှိမှာ ပြိုင်ပွဲပြီးတည်းက ပွဲတွေကို တောက်လျှောက်ဆိုနေပြီး ဒိုင်လူကြီးဖြူဖြူကျော်သိန်းနဲ့ Cover Song တစ်ပုဒ်ကိုလည်း အတူ တွဲံဆိုခဲ့ပါသေးတယ်..။

Top (3)ပြိုင်ပွဲဝင်တွေဖြစ်တဲ့ အက်စတာ ၊ အေးမြဖြူတို့နဲ့အတူ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်..။ သီချင်းထွက်ရှိနိုင်ဖို့အတွက်ကိုလည်း ကြိုးစားနေရလို့ Summer လေးတွေအတွက် သူ့ရဲ့ ပုံရိပ်လေးတွေကို သိပ်တောင် ချမပြနိုင်ခဲ့ပါဘူး..။ Stay Home နေရတော့မှာ ဘင်ဘင်က Summer လေးတွေ တောင်းဆိုမှုကြောင့် သူ့ရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့ပါတယ်..။ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာတော့ ဘင်ဘင်က Summer လေးတွေ တောင်းဆိုမှုနဲ့ သူဆော့ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို “Summers တွေရဲ့တောင်းဆိုမှုကြောင့် ရှက်ရှက်နဲ့ video တစ်ခုလုပ်လိုက်ပါတယ်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သိပ်မဆော့တတ်ပေမယ့် Summer လေးတွေအတွက် ရအောင် ဆော့ပေးတဲ့ ဘင်ဂျမင်လေးကတော့ ကလေးလေးတစ်ယောက်လို ရှက်နေတဲ့ ပုံလေးက ချစ်ဖို့ကောင်းလွန်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဘင်ဂျမင်ဆုမ်းရဲ့ Tik Tok ဗီဒီယိုအသစ်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်.။
Source: Benjamin Sum’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!