

 

 


 

 


 

 

Source: Hnin Thaung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Lock Down ချခံရပြီး ပထမဆုံး အိမ်ပြင်ထွက်ချိန်မှာ ပျော်လွန်းလို့ လမ်းမပေါ်တင် ကခဲ့တဲ့ နှင်းဝတ်ရည်သောင်း

အနုပညာလောကရဲ့ နာမည်ကြီး ညီအစ်မတွေဖြစ်တဲ့ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းတို့ကို မသိတဲ့သူ မရှိလောက်ပါဘူးနော်။ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းက မြန်မာပြည်မှာ အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပေမယ့် နှင်းဝတ်ရည်သောင်းကတော့နိုင်ငံခြားမှာ အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှင်းဝတ်ရည်သောင်းကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာ အခြေချနေထိုင်နေတဲ့ နှင်းဝတ်ရည်သောင်းက ရက်ပေါင်းအတော်ကြာ Lock Down ချခံရပြီးနောက် ပထမဆုံး အိမ်ပြင်ထွက်ချိန်မှာ ဖြစ်ပေါ်လာတဲ့ သူမရဲ့ အဖြစ်ကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် နှင်းဝတ်ရည်သောင်းရဲ့ အဖြစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

နှင်းဝတ်ရည်သောင်းက အိမ်ထဲမှာအနေကြာပြီး အပြင်ပြန်ထွက်ရတဲ့အချိန်မှာ ပျော်လွန်းလို့ ကတောင်ကမိသွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ပြင်ပြန်ထွက်ရချိန်မှာ နှင်းဝတ်ရည်သောင်းလိုဖြစ်မလား ဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: Hnin Thaung’s fb
Bilie- Cele Connections

error: Alert: Content is protected !!