” COVID–19 အတြက္ မႏၲေလးၿမိဳ႕၀င္ၿမိဳ႕ထြက္ တိုးဂိတ္ေတြမွာ တာ၀န္က်ေနတဲ့ တာဝန္ရွိသူေတြ အေထြေထြလိုအပ္ခ်က္အတြက္ ( ၂ )သိန္းခြဲ လႉဒါန္းခဲ့တဲ့ ေဒါင္း “

CeleConnections ပရိသတ္ႀကီးေရ ေဒါင္းကေတာ့ အႏုပညာနဲ႔ပတ္သက္ရင္ ပန္းခ်ီဆြဲ ၊သီခ်င္းဆို၊ ဂစ္တာတီး၊ ကဗ်ာဖတ္ ၊ စာဖတ္ဝါသနာပါသူျဖစ္တာေၾကာင့္ တမူထူးျခားတဲ့အက်င့္ေလးေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြပိုပိုအားေပးလာၾကတာပါ။ ဒါ့အျပင္သူ႔ရဲ႕ ခ်စ္စရာေနာက္တစ္ခ်က္ကေတာ့ အလႉအတန္းလက္မေႏွးတာေတြေၾကာင့္ပါ။

 

 

မင္းသား​ေခ်ာေဒါင္းကေတာ့ယခုျဖစ္ပြားေနတဲ့Covid 19ကပ္ေရာဂါအတြက္ တတ္ႏိုင္သေလာက္အလႉေတြဆက္တိုက္လုပ္ေဆာင္ေနတဲ့ မင္းသားတစ္လက္ပါ။ ဘာသာတရားကိုင္းရႈိင္းလြန္းၿပီး ေစတနာသဒၶါတရား ရက္ေရာတဲ့ ေဒါင္းကေတာ့ သူ႔ရဲ႕ေမြးရပ္ေျမကိုလည္း အၿမဲမေမ့မေလွ်ာ့ အလႉအတန္းေထာက္ပံ့မႈေတြအၿမဲ ျပဳလုပ္ေနတတ္သူပါ။

 

ဒီေန႔မွာလည္း “COVID–19 အတြက္ မႏၲေလးၿမိဳ႕၀င္ၿမိဳ႕ထြက္ တိုးဂိတ္ေတြမွာ တာ၀န္က်ေနတဲ့ ရဲတပ္ဖြဲ႕၀င္ေတြ။ က်န္းမာေရး၀န္ထမ္းေတြ။ ၾကက္ေျခနီေတြ။ မီးသတ္ေတြ။ ရပ္ကြက္နဲ႔ေက်း႐ြာ အုပ္ခ်ဳပ္ေရးေတြနဲ႔ လူမႉေရးအဖြဲ႕စည္းေတြ ညပိုင္းမွာ အဆာေျပစားစရာနဲ႔ လဘက္ရည္ ေကာ္ဖီ။ ျခင္ေဆး စတဲ့ လိုတာေတြ ကူေပးဖို႔အတြက္ စီစေၪၷပါတယ္။ ကူညီလိုသူမ်ား ခ်မ္းျမသာစည္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုး ဖုန္း #09795999515#ထံ ဆက္သြယ္ကူႏိုင္ပါတယ္။က်ေနာ္လည္း အက်ိဳးေဆာင္ေပးပါ့မယ္။

 


ေလာေလာဆယ္ ကူညီထားသူေတြကေတာ့သ႐ုပ္ေဆာင္ေဒါင္းက က်ပ္ ၂၅၀၀၀၀
မင္းႀကီးႀကိဳက္လုံခ်ည္မိသားစု ဦးမိုးေဇာ္က က်ပ္ ၁၀၀၀၀၀ခ်မ္းျမသာစည္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက က်ပ္ ၁၀၀၀၀၀ ” ဆိုတဲ့စာေလးနဲ႔အတူ ေဒါင္းရဲ႕ အလႉေလးကို San Yu Kyawဆိုတဲ့အေကာင့္ေလးက ေဖာ္ျပလာတာပဲ ျဖစ္ပါတယ္။ CeleConnectionsပရိသတ္ႀကီးလည္း ေဒါင္းရဲ႕ကုသိုလ္ေလးကို ​မုဒိတာပြားကာ သာဓုေခၚခဲ့ပါဦးေနာ္။

 

photo – Khaymani Win
Source: San Yu Kyaw
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” COVID–19 အတွက် မန္တလေးမြို့ဝင်မြို့ထွက် တိုးဂိတ်တွေမှာ တာဝန်ကျနေတဲ့ တာဝန်ရှိသူတွေ အထွေထွေလိုအပ်ချက်အတွက် ( ၂ )သိန်းခွဲ လှူဒါန်းခဲ့တဲ့ ဒေါင်း ”

CeleConnections ပရိသတ်ကြီးရေ ဒေါင်းကတော့ အနုပညာနဲ့ပတ်သက်ရင် ပန်းချီဆွဲ ၊သီချင်းဆို၊ ဂစ်တာတီး၊ ကဗျာဖတ် ၊ စာဖတ်ဝါသနာပါသူဖြစ်တာကြောင့် တမူထူးခြားတဲ့အကျင့်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေပိုပိုအားပေးလာကြတာပါ။ ဒါ့အပြင်သူ့ရဲ့ ချစ်စရာနောက်တစ်ချက်ကတော့ အလှူအတန်းလက်မနှေးတာတွေကြောင့်ပါ။

မင်းသားချောဒေါင်းကတော့ယခုဖြစ်ပွားနေတဲ့Covid 19ကပ်ရောဂါအတွက် တတ်နိုင်သလောက်အလှူတွေဆက်တိုက်လုပ်ဆောင်နေတဲ့ မင်းသားတစ်လက်ပါ။ ဘာသာတရားကိုင်းရှိုင်းလွန်းပြီး စေတနာသဒ္ဓါတရား ရက်ရောတဲ့ ဒေါင်းကတော့ သူ့ရဲ့မွေးရပ်မြေကိုလည်း အမြဲမမေ့မလျှော့ အလှူအတန်းထောက်ပံ့မှုတွေအမြဲ ပြုလုပ်နေတတ်သူပါ။

ဒီနေ့မှာလည်း “COVID–19 အတွက် မန္တလေးမြို့ဝင်မြို့ထွက် တိုးဂိတ်တွေမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ။ ကျန်းမာရေးဝန်ထမ်းတွေ။ ကြက်ခြေနီတွေ။ မီးသတ်တွေ။ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးတွေနဲ့ လူမှူရေးအဖွဲ့စည်းတွေ ညပိုင်းမှာ အဆာပြေစားစရာနဲ့ လဘက်ရည် ကော်ဖီ။ ခြင်ဆေး စတဲ့ လိုတာတွေ ကူပေးဖို့အတွက် စီစဉ္နေပါတယ်။ ကူညီလိုသူများ ချမ်းမြသာစည်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ဖုန်း #09795999515#ထံ ဆက်သွယ်ကူနိုင်ပါတယ်။ကျနော်လည်း အကျိုးဆောင်ပေးပါ့မယ်။

လောလောဆယ် ကူညီထားသူတွေကတော့သရုပ်ဆောင်ဒေါင်းက ကျပ် ၂၅၀၀၀၀
မင်းကြီးကြိုက်လုံချည်မိသားစု ဦးမိုးဇော်က ကျပ် ၁၀၀၀၀၀ချမ်းမြသာစည်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ကျပ် ၁၀၀၀၀၀ ” ဆိုတဲ့စာလေးနဲ့အတူ ဒေါင်းရဲ့ အလှူလေးကို San Yu Kyawဆိုတဲ့အကောင့်လေးက ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီးလည်း ဒေါင်းရဲ့ကုသိုလ်လေးကို မုဒိတာပွားကာ သာဓုခေါ်ခဲ့ပါဦးနော်။

photo – Khaymani Win
Source: San Yu Kyaw
Candy – CeleConnections

error: Alert: Content is protected !!