” Covid 19 ကာကြယ္ဖို႔အတြက္ ပညာေပး TikTok ေလးကို ခ်စ္စရာေကာင္းေအာင္ေဆာ့ကစားခဲ့တဲ့ နန္းစႏၵာလွထြန္းရဲ႕ ဗီဒီယိုဖိုင္ “

CeleConnections ပရိသတ္ႀကီးေရ နန္းစႏၵာလွထြန္းကေတာ့ MRTV – (4) ဇာတ္လမ္းတြဲ မင္းသမီးေလးျဖစ္ၿပီး ပရိသတ္ေတြက သဘာဝဇာတ္လမ္းတြဲ မင္းသမီးအျဖစ္ ခ်ီးက်ဴးျခင္းခံရသူေလးတစ္ေယာက္ပါ။ပထမဆုံးသူမ႐ိုက္ကူးခဲ့တဲ့ဇာတ္လမ္းတြဲ ျဖစ္တဲ့ ” ပၪၥလက္႐ြာ ” ဇာတ္လမ္းတြဲ မွ ” ေရဝတီ ” ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္ေတြတစ္ခဲနက္ အားေပးမႈကိုရရွိခဲ့သူေလးပဲ ျဖစ္ပါတယ္။”အရိပ္” ဇာတ္လမ္းတြဲမွာလည္း နာ့စ္ဆရာမေလး ” သက္သက္ ” ဇာတ္ေကာင္နာမည္နဲ႔ ပရိသတ္အသည္းကို ထပ္မံေႁခြႏိုင္ခဲ့ျပန္ပါေသးတယ္။”ဝကၤပါရွင္းတမ္း” ဇာတ္လမ္းတြဲ မွာလည္း ” ဟန္နီ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြကို ထပ္မံဆြဲေဆာင္ႏိုင္ခဲ့သူေလးပါ။

 

ထပ္မံၿပီး ပရိသတ္ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့ရတဲ့ ” ေငြစကၠဴ (၇)႐ြက္” ဇာတ္ကားမွာလည္း ပါဝင္ခဲ့ပါေသးတယ္။ ဘယ္ဇာတ္႐ုပ္မဆို သဘာဝက်က် ပီျပင္ေအာင္ စိတ္ႏွစ္ ႐ိုက္ကူးတတ္တာဟာ သူမရဲ႕ခ်စ္စရာေကာင္းလြန္းတဲ့အခ်က္ေလးပါပဲေနာ္။ ေရဝတီေလးကေတာ့ ရွမ္းတိုင္းရင္းသူေလးတစ္ေယာက္ ျဖစ္ၿပီး Miss World Myanmar ( 2015 )Second Runner Up အလွမယ္ဆုရွင္ေလးလည္း ျဖစ္ပါတယ္။ ေယာက်ာ္းေလးပရိသတ္ေတြ အသည္းစြဲ အားေပးၾကတဲ့အျပင္ မိန္းကေလးပရိသတ္ေတြကပါ သူမရဲ႕ အျပဳအမူအေျပာေလးေတြကို ႏွစ္သက္သေဘာက်ခံရတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလးပဲ ျဖစ္ပါတယ္။

 

 

ဒီေန႔မွာေတာ့ ” မ်က္လုံး ႏွာေခါင္းနဲ႔ မ်က္ႏွာ ပါးစပ္ရဲ႕ ဟိုးအေဝးမွာ လက္ကိုၿငိမ္ၿငိမ္ထားပါ ” ဆိုတဲ့ စာေလးနဲ႔အတူ Covid 19 ကာကြယ္ဖို႔အတြက္ ပညာေပး TikTok ေလးကို ခ်စ္စရာေကာင္းေအာင္ ေဆာ့ျပထားတဲ့ ဗီဒီယိုဖိုင္ေလးကိုတင္ခဲ့တာပဲ ျဖစ္ပါတယ္။ သူမရဲ႕ ပညာေပး TikTokေလးကို ေယာက်ာ္​းေလးပရိသတ္ေတြကအသည္းတယားယားျဖစ္ေနကာ မွတ္ခ်က္ေလးေတြေပးေနၾကတာာပဲေနာ္။CeleConnectionsပရိသတ္ႀကီးေရာနန္းစႏၵါလွထြန္းရဲ႕ ခ်စ္စရာဗီဒီယိုဖိုင္ေလးကိုၾကည့္ျပီးသေဘာက်ရင္ မွတ္ခ်က္ေလးေတြေပးခဲ့ပါဦးေနာ္။

Source: Nan Sandar Hla Htun
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” Covid 19 ကာကွယ်ဖို့အတွက် ပညာပေး TikTok လေးကို ချစ်စရာကောင်းအောင်ဆော့ကစားခဲ့တဲ့ နန်းစန္ဒာလှထွန်းရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ် ချီးကျူးခြင်းခံရသူလေးတစ်ယောက်ပါ။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ ” ဇာတ်လမ်းတွဲ မှ ” ရေဝတီ ” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး ” သက်သက် ” ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေနိုင်ခဲ့ပြန်ပါသေးတယ်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေးပါ။

ထပ်မံပြီး ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ” ငွေစက္ကူ (၇)ရွက်” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာဟာ သူမရဲ့ချစ်စရာကောင်းလွန်းတဲ့အချက်လေးပါပဲနော်။ ရေဝတီလေးကတော့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 )Second Runner Up အလှမယ်ဆုရှင်လေးလည်း ဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူမရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ” မျက်လုံး နှာခေါင်းနဲ့ မျက်နှာ ပါးစပ်ရဲ့ ဟိုးအဝေးမှာ လက်ကိုငြိမ်ငြိမ်ထားပါ ” ဆိုတဲ့ စာလေးနဲ့အတူ Covid 19 ကာကွယ်ဖို့အတွက် ပညာပေး TikTok လေးကို ချစ်စရာကောင်းအောင် ဆော့ပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပညာပေး TikTokလေးကို ယောကျာ်းလေးပရိသတ်တွေကအသည်းတယားယားဖြစ်နေကာ မှတ်ချက်လေးတွေပေးနေကြတာာပဲနော်။CeleConnectionsပရိသတ်ကြီးရောနန်းစန္ဒါလှထွန်းရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင် မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။

Source: Nan Sandar Hla Htun
Candy -CeleConnections

error: Alert: Content is protected !!