

 

 

 


 

 


 

 

Source: MayKhaLar
ယူနီကုတ်ဖြင့်ဖတ်ရန်

” (၁၂၄)သိန်း တန်ဖိုးရှိလိုအပ်တဲ့ဆေးဖက်ဆိုင်ရာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး(ICU)သို့ပြည်သူနဲ့အတူ လှူကြမယ်မှ လှူဒါန်းခဲ့ကြောင်း ဝေမျှလိုက်တဲ့ မေခလာ ”

CeleConnections ပရိသတ်ကြီးရေ လတ်တလေညမှာဖြစ်ပွားနေတဲ့ Covid 19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေအနုပညာရှင်တွေစုပေါင်းကာ တစ်တပ်တအား အစိုးရနဲ့အတူပါဝင်ကာ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အစွမ်းကုန်ကူညီနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အနုပညာရှင်တွေနဲ့ ပြည်သူတွေနဲ့ပူးပေါင်းကာ ” ပြည်သူနဲ့အတူလှူကြမယ် “ဆိုတဲ့အဖွဲ့လေးကိုတည်ထောင်ထားကြတာပါ။ အနုပညာရှင်တွေဦးစီးကာ ဖွဲ့ထားတဲ့ ” ပြည်သူနဲ့အတူလှူကြမယ် “ဆိုတဲ့အဖွဲ့လေးကတော့ ဒီနေ့မှာ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးကို ၁၂၄သိန်း တန်ဖိုးရှိအလှူတစ်ခုပြုလုပ်ခဲ့ကြောင်း နိုင်ငံကျော် ပြည့်သူအချစ်တော်အဆိုတော် မေခလာမှ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

မေခလာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ပြည်သူနဲ့အတူ လှု ကြမယ်မှလိုအပ်တဲ့ဆေးဖက်ဆိုင်ရာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး(lCU)သို့ လှုဒါန်းခဲ့ပါတယ် ရောဂါမှန်သမျှကင်းဝေးပြီး အမြန်ဆုံးအေးချမ်းသာယာသောဘဝကို ရကြပါစေသား”ဆိုတဲ့ စာလေးနဲ့ ဝေမျှခဲ့တာပါဖြစ်ပါတယ်။CeleConnectionsပရိသတ်ကြီးလည်း မွန်မြတ်တဲ့ အလှူဒါနအတွက် မုဒိတာပွားကာ သာဓုခေါ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source: MayKhaLar
Candy -CeleConnections

error: Alert: Content is protected !!