ယူနီကုဒ်ဖြင့် ဖတ်ရန်
“ရောင်စုံလင်းကာ လှုပ်ရှားနေတဲ့ အရုပ်လေးတွေကို သဘောကျ ရွှင်မြူးနေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ သမီးလေး ဗီဒီယိုဖိုင်”
ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချော သဉ္ဇာနွယ်ဝင်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက သူမကို ကြင်နာချစ်ခင်တဲ့ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်..။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရျိတော့ဘဲ သားနဲ့သမီးလေးကို ပြုစုပျိုးထောင်ရင်း နေထိုင်နေတာပါ..။
သဉ္ဇာက သူမရဲ့ သားနဲ့ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ သူမရဲ့ သားနဲ့ သမီးလေးနှစ်ယောက်ဟာ ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေ ဖြစ်လို့နေပါပြီနော်..။ ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာတော့ သဉ္ဇာက သူမရဲ့ သမီးလေး Tulip တစ်ယောက် မနက်အစောကြီးနိုးကာ မအိပ်ပဲ ဆော့နေတဲ့ ဗီဒီယိုဖိုင်လေးကို “Tulip လေးမနက်၅:၄၈ကိုမအိပ်ပဲဆော့နေတယ်”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
တစ်နေ့တစ်ခြား မိခင်ဖြစ်သူ သူမနဲ့ တူလာပြီး ချစ်ဖို့ကောင်းလာတဲ့ သမီးလေးကိုတော့ သဉ္ဇာတစ်ယောက် ချစ်လို့ကို မဝဖြစ်နေတဲ့ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း သဉ္ဇာနွယ်ဝင်းသမီးလေးရဲ့ မအိပ်သေးဘဲ ဆော့နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source:Thinzar Nwe Win’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!