Source: Lwin Moe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
နေအိမ်က ဘုရားခန်းဘေးမှာ ထူးထူးဆန်းဆန်း မြွေတစ်ကောင်ရောက်နေကြောင်း ပြောပြလာတဲ့ လွင်မိုး
ငယ်စဉ်က အောင်မြင်မှုတွေ အကြီးအကျယ် ရရှိပိုင်ဆိုင်ထားတဲ့ လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ စီးပွားရေးလုပ်ငန်းတွေကိုသာ ပိုမို အာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လွင်မိုးက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေအပြင် ဟဲဟိုးမြို့မှာလည်း လီလီပန်းတွေ အမြောက်အများစိုက်ပျိုးထားပြီး တစ်နိုင်ငံလုံးကို ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ လွင်မိုးက သူ့နေအိမ်က ဘုရားခန်းနားမှာ ထူးခြားတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။
လွင်မိုးက “ဘုရားခန်းဘေးက လီလီပန်းပင်ပေါ်မှာ မြွေတော့မြွေပါ။ ဘာမြွေလည်းမသိပါဘူး။ အခုချိန်မျိုးက မြွေဖမ်းရမဲ့အချိန် မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။ လွင်မိုးတွေ့ခဲ့တဲ့ မြွေက ထန်းလျောမြွေအမျိုးအစားဖြစ်ပြီး လူကို အန္တရာယ်မပေးနိုင်ဘူးလို့ သိရပါတယ်။
လွင်မိုးကတော့ အိမ်မှာနေရင်း ထူးထူးဆန်းဆန်း မြွေတစ်ကောင်ကို တွေ့ခဲ့ရတဲ့အကြောင်းကို ပြောပြထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Lwin Moe’s fb
Bilie- Cele Connections
error: Alert: Content is protected !!