ေစတနာ ေမတၱာထားျပီးလုပ္ခဲ့တဲ့ လုပ္ရပ္အေပၚ အေျခအျမစ္မရိွ ေစာ္ကားစြပ္စြဲေနတာ လြန္တယ္ဆိုျပီး စိတ္မေကာင္းျဖစ္ေနတဲ့ ခ်စ္သုေဝ

ဒီကေန့မွာေတာ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ အဆိုေတာ္ လင္းလင္းနဲ့ ခ်စ္သုေဝ တို့ ဇနီးေမာင္နွံက   ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈနဲ့ ပက္သတ္ျပီး သိန္း (၈၀၀) အျမတ္ ထြက္သြားတယ္လို့ အသံဖိုင္တစ္ခုက ပ်ံ့နွံ့ေနတာပဲ ျဖစ္ပါတယ္။ ထိုကိစၥနဲ့ ပက္သတ္ျပီး လင္းလင္းကလည္း ေျဖရွင္းသလို ခ်စ္္သုေဝကလည္း သူမတို့ ေစတနာ ေမတၱာထားျပီး ကူညီခဲ့တာ ေစာ္ကားခံခဲ့ရတဲ့အျဖစ္ကို စိတ္မေကာင္းျဖစ္စြာနဲ့ အခုလိုပဲ ေျပာထားပါတယ္။

 

 

“လူဆိုး လူယုတ္ လူညံ့ ဆိုတာ ​ေနရာစုံမွာရွိႏိုင္တယ္ဆို​​ေပမယ့္လည္း​ေလ တစ္ႏိုင္ငံလုံးကပ္ဆိုက္​ေနတဲ့ ဒီအခ်ိန္ႀကီးမွာ အ​ရည္မရ၊ အဖတ္မရ သူတပါး​ေစတနာ၊​ ​​ေမတၱာ ထားခဲ့တဲ့။ ထား​ေနတဲ့ လုပ္ရပ္​ေတြအ​​ေပၚ ​အ​ေျခအျမစ္မရွိေစာ္ကားစြပ္စြဲတာက်​ေတာ့လည္း လြန္တယ္။Trezaတို ႔မိသားစု​ေလးဟာ အမွန္တရားျမတ္ႏိုးတတ္တယ္။ ကိုယ္နဲ႔မဆိုင္လည္းမတရားတာမ်ိဳးဆို လူအား ​စိတ္အား ​ေငြအားနဲ႔ တတ္အားသမွ်ပါဝင္တတ္တယ္။ လိုအပ္​​ေနသူ​ေတြလိုအပ္ခ်ိန္ဆို အလုပ္ရႈပ္စိတ္ရႈပ္ခံၿပီး ကိုယ္ရွာထားတဲ့​ေငြ​ေတြကိုလႉတန္းတတ္တယ္။”

 

 

“ျပသနာမလုပ္ၾကပါနဲ႔လား မစၾကပါနဲ႔လား။ Trezaတို႔ ၂​ေယာက္စလုံးက အႏုပညာသမား​ေတြပါ။ ကိုယ့္အႏုပညာ​ေလးလုပ္၊ သမာအာဇီဝ ရသမွ်ပိုက္ဆံ​ေတြနဲ႔ ခ်မ္းခ်မ္းသာသာ​ေန၊ ကိုယ့္မိသားစု​ေလး ​ေအး​ေဆး​ေနၿပီး အခ်စ္ခံရတာအလြယ္​ေလးပါ။ တကယ္ကိုအလြယ္​ေလးပါ။ မ​ေႏွာက္ယွက္ပါနဲ႔။ ဒီကာလႀကီးမွာ ​ေခါင္းရႈပ္စိတ္ရႈပ္ COVIDအတြက္ စိတ္မ​ေကာင္းစရာ​ေတြခ်ည္းမို႔ ႏိုင္သမွ်ဝန္ကို မ​ေနႏိုင္မထိုင္ႏိုင္ ထမ္း​ေနတာပါ။ စိတ္ပ်က္​ေအာင္ မလုပ္ၾကပါနဲ႔။ ​ေတာ္​ေသးၿပီ လုပ္စရာ​ေတြကအမ်ားႀကီး။ ဒီ​ေန႔ သမီး​ေလး​ေတြvideo​ေလးတင္ဖို႔ဟာကို” ဆိုျပီး စိတ္မေကာင္းစြာနဲ့ ေျပာထားပါတယ္။

 

 

ခ်စ္သုေဝနဲ့ လင္းလင္းတို့ ဇနီးေမာင္နွံကေတာ့ ပရိသတ္ၾကီးအားလံုးသိတဲ့အတိုင္းပဲ စိတ္ေကာင္းေစတနာေကာင္းရိွျပီး   သူတစ္ပါးအေပၚကို ကူညီခ်င္စိတ္အျပည့္ရိွတဲ့သူေတြပဲ ျဖစ္ပါတယ္။ မဟုတ္မမွန္ စြပ္စြဲခံေနရတဲ့ ခ်စ္သုေဝတို့ မိသားစုေလး အျမန္ဆံုး ေအးခ်မ္းပါေစေနာ္။

 

 

Source: Chit Thu Wai’s fb
Bilie- Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

စေတနာ မေတ္တာထားပြီးလုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် အခြေအမြစ်မရှိ စော်ကားစွပ်စွဲနေတာ လွန်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့ ချစ်သုဝေ

ဒီကနေ့မှာတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံက နေပြည်တော်က ဗစ်တိုးရီးယားအမှုနဲ့ ပက်သတ်ပြီး သိန်း (၈၀၀) အမြတ် ထွက်သွားတယ်လို့ အသံဖိုင်တစ်ခုက ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး လင်းလင်းကလည်း ဖြေရှင်းသလို ချစ်သုဝေကလည်း သူမတို့ စေတနာ မေတ္တာထားပြီး ကူညီခဲ့တာ စော်ကားခံခဲ့ရတဲ့အဖြစ်ကို စိတ်မကောင်းဖြစ်စွာနဲ့ အခုလိုပဲ ပြောထားပါတယ်။

“လူဆိုး လူယုတ် လူညံ့ ဆိုတာ နေရာစုံမှာရှိနိုင်တယ်ဆိုပေမယ့်လည်းလေ တစ်နိုင်ငံလုံးကပ်ဆိုက်နေတဲ့ ဒီအချိန်ကြီးမှာ အရည်မရ၊ အဖတ်မရ သူတပါးစေတနာ၊ မေတ္တာ ထားခဲ့တဲ့။ ထားနေတဲ့ လုပ်ရပ်တွေအပေါ် အခြေအမြစ်မရှိစော်ကားစွပ်စွဲတာကျတော့လည်း လွန်တယ်။ Trezaတို့မိသားစုလေးဟာ အမှန်တရားမြတ်နိုးတတ်တယ်။ ကိုယ်နဲ့မဆိုင်လည်းမတရားတာမျိုးဆို လူအား စိတ်အား ငွေအားနဲ့ တတ်အားသမျှပါဝင်တတ်တယ်။ လိုအပ်နေသူတွေလိုအပ်ချိန်ဆို အလုပ်ရှုပ်စိတ်ရှုပ်ခံပြီး ကိုယ်ရှာထားတဲ့ငွေတွေကိုလှူတန်းတတ်တယ်။”

“ပြသနာမလုပ်ကြပါနဲ့လား မစကြပါနဲ့လား။ Trezaတို့ ၂ယောက်စလုံးက အနုပညာသမားတွေပါ။ ကိုယ့်အနုပညာလေးလုပ်၊ သမာအာဇီဝ ရသမျှပိုက်ဆံတွေနဲ့ ချမ်းချမ်းသာသာနေ၊ ကိုယ့်မိသားစုလေး အေးဆေးနေပြီး အချစ်ခံရတာအလွယ်လေးပါ။ တကယ်ကိုအလွယ်လေးပါ။ မနှောက်ယှက်ပါနဲ့။ ဒီကာလကြီးမှာ ခေါင်းရှုပ်စိတ်ရှုပ် COVIDအတွက် စိတ်မကောင်းစရာတွေချည်းမို့ နိုင်သမျှဝန်ကို မနေနိုင်မထိုင်နိုင် ထမ်းနေတာပါ။ စိတ်ပျက်အောင် မလုပ်ကြပါနဲ့။ တော်သေးပြီ လုပ်စရာတွေကအများကြီး။ ဒီနေ့ သမီးလေးတွေvideoလေးတင်ဖို့ဟာကို” ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြောထားပါတယ်။

ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ ပရိသတ်ကြီးအားလုံးသိတဲ့အတိုင်းပဲ စိတ်ကောင်းစေတနာကောင်းရှိပြီး သူတစ်ပါးအပေါ်ကို ကူညီချင်စိတ်အပြည့်ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။ မဟုတ်မမှန် စွပ်စွဲခံနေရတဲ့ ချစ်သုဝေတို့ မိသားစုလေး အမြန်ဆုံး အေးချမ်းပါစေနော်။

Source: Chit Thu Wai’s fb
Bilie- Cele Connections

error: Alert: Content is protected !!