

 

 


 

 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်မှာနေရင်း မိမိုက်နေတဲ့ သူမရဲ့ စတိုင်လ်လေးတွေကို ချပြလာတဲ့ နေခြည်ဦးရဲ့ ဗီဒီယိုဖိုင်”

သရုပ်ဆောင် မင်းသမီး Beauty Blogger မလေး နေခြည်ဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့အားပေးမှုတွေကို သူမရဲ့ စမတ်ကျကျ နေတတ်တဲ့ စတိုင်လ်တွေနဲ့ စိတ်ဓာတ်မာစွာ အရာရာကို ကြိုးစားလုပ်ဆောင်တတ်တဲ့ အပြုအမူလေးတွေကြောင့် ရရှိနေတဲ့သူပဲဖြစ်ပါတယ်..။ ချီချီက သူမလုပ်ချင်တဲ့အရာတိုင်းကို ဖြစ်အောင် လုပ်ကာ ဝေဖန်ပြောဆိုမှုတွေထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ ခပ်မိုက်မိုက် မင်းသမီးတစ်လက်လို့ ဆိုရမှာပါ.။

 

 

နေခြည်က သူမရဲ့ ပရိသတ်တွေအတွက် အမြဲ စပရိုက်တွေနဲ့ အံ့သြအောင် ဆန်းသစ်မှုတွေကို လုပ်ဆောင်တတ်ပါသေးတယ်..။ Tik Tok လေးတွေကို ဆော့ကာ ပျော်ရွှင်အောင် Stay Home နေတဲ့ ချီချီက ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာတော့ “New day New Life New Hope ..naychioo … beautybynaychi.. stylenanda .. stylenandakorea… naychiootiktok …nosmoking…stayhome” ဆိုပြီး Tik Tok ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

တစ်မျိုးစီမှာ မရိုးတဲ့ ပုံစံလေးတွေနဲ့ ဆော့ထားပြီး အိမ်မှာနေရင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်နေတာကြောင့် ပြောင်းလဲသွားတဲ့ သူမရဲ့ ခန္ဓာကောက်ကြောင်းအလှတွေကိုလည်း ရိုက်ထားတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ အမိုက်စားTik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source: Nay Chi Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!