

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာ ဖုန်းကိုယ်စီနဲ့ နိုင်ငံပတ်နေတဲ့ အိမ်သားတွေကို အပြောင်အပျက်တွေပြောပြီး ခွီခဲ့တဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယို

“အရိပ်”၊ “လေးစုံတွဲ”၊ “ဥယျဉ်မှူးဖြစ်ဖူးချင်သည်” “Flowers & Butterflies”၊ “နှင်းဆီ” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးလေး ခေးဆက်သွင်ကလည်း ပရိသတ်တွေ အားပေးခြင်းကို ခံရတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခေးဆက်သွင်က လက်ရှိမှာတော့ Covid – 19 ကြောင့် သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး အိမ်မှာပဲ အေးအေးဆေးဆေး အနားယူနေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခေးဆက်သွင်က သူမအိမ်မှာရှိတဲ့ အိမ်သားတွေကို ဗီဒီယိုလေးရိုက်ပြီး မျက်နှာပြောင်ခဲ့တာကို တွေ့ရပါတယ်။ ခေးဆက်သွင်က ဖုန်းကိုယ်စီနဲ့ နိုင်ငံတကာက ဇာတ်လမ်းကြည့်နေတဲ့ အိမ်သားတွေကို “ယူတို့ Home stay တော့ မသိဘူး။ အိမ်မှာက ဒီလို😂😂😂” ဆိုပြီး ဗီဒီယိုလေးတစ်ခုကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ တကယ်ကြံကြံဖန်ဖန်ကို ပြောတတ်တာပဲနော်။ Cele Connections ပရိသတ်ကြီးလည်း စကားတတ်လွန်းတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။

Source: Khay Sett Thwin’s fb
Bilie- Cele Connections

error: Alert: Content is protected !!