

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အိမ်မှာနေစဉ် မျက်လှည့်ဆရာလို အမိုက်စားလုပ်ပြထားတဲ့ လင်းအောင်ခေတ်ရဲ့ ဗီဒီယိုဖိုင်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ် သရုပ်ဆောင် လင်းအောင်ခေတ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မော်ဒယ်တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်ပိုင်းတွေမှာပါ တော်တဲ့ လင်းအောင်ခေတ်ကတော့ သီချင်းMTV တွေနဲ့ ကြော်ငြာများကို စတင်ရိုက်ကူးခဲ့ပြီး ယောက်ျားပီသချောမောတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်..။ ပရိသတ်တွေကြားမှာ လူကြိုက်များတဲ့ “ ရိုးမပေါ် ကျတဲ့ မျက်ရည်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ပိုအားပေးမှုတွေကို ရရှိခဲ့တာပါ..။

လင်းအောင်ခေတ်က သူ့ရဲ့အနုပညာလှုပ်ရှားမှုပုံရိပ်နဲ့ ထူးထူးခြားခြားလေးဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၃)ရက်နေ့မှာတော့ လင်းအောင်ခေတ်က အိမ်မှာနေရင်း အပျော်ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးကို “အိမ်တွင်းအောင်းပြီး သိုင်းကျင့်နေတာ မျက်လှည့်ဆရာ လိုလို မှော်ဆရာလိုလို ဖြစ်နေပြီ..” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

အိမ်မှာနေစဉ် ပျင်းလို့ ခပ်ဆန်းဆန်းလေးတွေ ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးကို ပရိသတ်တွေ ပျော်ရအောင် တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက် လင်းအောင်ခေတ်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း လင်းအောင်ခေတ်ကို အားပေးရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်.။
Source: Lin Aung Khit’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!