

 

 


 

 


 

 

Source: Mikis Weber’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိပ်နေတုန်း ဓာတ်ပုံတွေ ခိုးရိုက်တဲ့ ချစ်သူလေး စုစုဝေကို စိတ်ဆိုးနေကြောင်း ပြောလိုက်တဲ့ Mikis Weber

အနုပညာအလုပ်တွေလုပ်ရင်း မြန်မာပြည်မှာနေထိုင်နေတဲ့ ဂျာမနီနိုင်ငံသားလေး Mikis Weber ကတော့ မြန်မာဘာသာစကားနဲ့ Rap သီချင်းတွေကို သီဆိုရင်း နာမည်ကြီးလာသူ ဖြစ်ပါတယ်။ Mikis Weber က မြန်မာနိုင်ငံကို ရောက်လာပြီးနောက် သူ့ရဲ့ ဖူးစာရှင် မိန်းကလေး စုစုဝေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လူမျိုးဘာသာချင်းမတူညီကြတဲ့ Mikis Weber နဲ့ စုစုဝေတို့အတွဲလေးကတော့ ပရိသတ်တွေကြားမှာ ထင်ရှားတဲ့အတွဲလေးပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း (၂) နှစ်ရှိပြီဖြစ်တဲ့ Mikis တို့ အတွဲလေးကတော့ အတူတူနေထိုင်ကြရင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း Mikis က သူအိပ်နေတုန်း ဓာတ်ပုံခိုးရိုက်တဲ့ ချစ်သူလေး စုစုဝေကို စိတ်ဆိုးနေကြောင်း “မိုက်ရိုင်းတယ်ကွာ 😯🧐😩😉😘” ဆိုပြီး ချစ်စနိုးလေး ပြောထားတာကို တွေ့ရပါတယ်။

မိသားစုတွေလို သံယောဇဉ်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုတွေများစွာနဲ့ တစ်ဦးအပေါ် တစ်ဦး အချစ်တြွေပည့်နှက်နေတာမို့ အရမ်းကို အားကျဖို့ကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Mikis နဲ့ စုစုဝေတို့အတွဲလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။

Source: Mikis Weber’s fb
Bilie- Cele Connections

error: Alert: Content is protected !!