“သူ႕ဘဝမွာ ဒီလိုအိမ္မွာေနရင္း စားလိုက္အိပ္လိုက္ေနရလိမ့္မယ္လို႕ စိတ္ကူးမယဥ္ခဲ့ဖူးဘူးဆိုတဲ့ နုိင္းဝမ္း”

ျမန္မာႏိုင္ငံရဲ႕ နာမည္ေက်ာ္ရက္ပ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ႏိုင္းဝမ္းနဲ႔ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ ႏိုင္းဝမ္းရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ ” နင္သာရွိရင္” သီခ်င္းကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈကို အမ်ားဆုံးရရွိထားတဲ့ သီခ်င္းဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူရဲ႕ အားေပးေနတဲ့ ပရိသတ္ေတြအတြက္ သီခ်င္းအသစ္ေတြထြက္ႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိပါတယ္။

 

 

ကို႐ိုနာေရာဂါေတြျပန႔္ႏွံမႈျဖစ္ပြားေနတာေၾကာင့္ ႏိုင္းဝမ္းကေတာ့ လိုအပ္ေနတဲ့ေနရာေတြမွာ တတ္ႏိုင္သေလာက္လႉဒါန္းမႈပုံရိပ္ေလးေတြနဲ႔ ပညာေပးဗီဒီယိုေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ႏိုင္းဝမ္းက”ကြၽန္ေတာ့ရဲ႕ ဘဝရည္မွန္းခ်က္ထဲမွာ အသက္၃၀ေက်ာ္တဲ့အခ်ိန္ထိ အိမ္ထဲမွာ အိပ္လိုက္စားလိုက္၊ ဗီဒီယိုၾကည့္လိုက္၊ အရက္ေသာက္လိုက္လုပ္ရင္း ၁၀၉/၁၁၀ ဘဝနဲ႔ ျဖတ္သန္းရလိမ့္မယ္လို႔ တစ္ခါမွစိတ္ကူးေတာင္မယဥ္ခဲ့ဖူးဘူး ဒါေပမဲ့ အခုေတာ့ အဲ့ဒီအတိုင္းတကယ္ျဖစ္ေနၿပီေလလို႔ ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီးျဖစ္ႏိုင္သလို၊ သမၼတလဲျဖစ္ႏိုင္တယ္၊ ႀကိဳးစားရင္ ဘုရားေတာင္ျဖစ္ႏိုင္သလို၊ ႀကိဳးစားေနရင္းနဲ႔ပဲ အခုလို အလုပ္မရွိအကိုင္မရွိလဲျဖစ္ႏိုင္တယ္”ေလာကမွာ မျဖစ္ႏိုင္ဘူးဆိုတာ ဘာမွမရွိဘူး” ဆိုတဲ့စကား သိပ္မွန္တာပဲဗ်ာ” လို႕ဆိုကာ သူရဲ႕ လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ နိုင္းဝမ္းရဲ႕ ဘဝရည္မွန္းခ်က္နဲ႕ ပတ္သက္တဲ့ အေၾကာင္းေလးကို ျပန္လည္ျပီမွ်ေဝေပးလိုက္ပါတယ္။ပရိသတ္ႀကီးကလည္း နိုင္းဝမ္းကို အားေပးတယ္ဆိုရင္ မွတ္ခ်က္ေလးတစ္ခုေလာက္ေရးေပးခဲ့ၾကပါေနာ္။

Soure…. Kyaw Zin latt’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“သူ့ဘဝမှာ ဒီလိုအိမ်မှာနေရင်း စားလိုက်အိပ်လိုက်နေရလိမ့်မယ်လို့ စိတ်ကူးမယဉ်ခဲ့ဖူးဘူးဆိုတဲ့ နိုင်းဝမ်း”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရက်ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နိုင်းဝမ်းရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ” နင်သာရှိရင်” သီချင်းကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးရရှိထားတဲ့ သီချင်းဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေထွက်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ကိုရိုနာရောဂါတွေပြန့်နှံမှုဖြစ်ပွားနေတာကြောင့် နိုင်းဝမ်းကတော့ လိုအပ်နေတဲ့နေရာတွေမှာ တတ်နိုင်သလောက်လှူဒါန်းမှုပုံရိပ်လေးတွေနဲ့ ပညာပေးဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ နိုင်းဝမ်းက”ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ထဲမှာ အသက်၃၀ကျော်တဲ့အချိန်ထိ အိမ်ထဲမှာ အိပ်လိုက်စားလိုက်၊ ဗီဒီယိုကြည့်လိုက်၊ အရက်သောက်လိုက်လုပ်ရင်း ၁၀၉/၁၁၀ ဘဝနဲ့ ဖြတ်သန်းရလိမ့်မယ်လို့ တစ်ခါမှစိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး ဒါပေမဲ့ အခုတော့ အဲ့ဒီအတိုင်းတကယ်ဖြစ်နေပြီလေလို့ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်နိုင်သလို၊ သမ္မတလဲဖြစ်နိုင်တယ်၊ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်သလို၊ ကြိုးစားနေရင်းနဲ့ပဲ အခုလို အလုပ်မရှိအကိုင်မရှိလဲဖြစ်နိုင်တယ်”လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး” ဆိုတဲ့စကား သိပ်မှန်တာပဲဗျာ” လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် နိုင်းဝမ်းရဲ့ ဘဝရည်မှန်းချက်နဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း နိုင်းဝမ်းကို အားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…. Kyaw Zin latt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!