

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သူ့လိုပဲ ပျော်ပျော်နေတတ်တဲ့ မိခင်ကိုကြည့်ပြီး သားတစ်ယောက်အနေနဲ့ ကြည်နူးပျော်ရွှင်မိတယ်ဆိုတဲ့ ကျော်ကျော်

ဒုတိယမင်းသား၊ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသားချော ကျော်ကျော်ကို လူကြီးလူငယ်တိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ကျော်ကျော်က သူ့ရဲ့အပြင်ပန်းစရိုက်က ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပေမယ့် ရုပ်ရှင်ရိုက်ကူးချိန်မှာတော့ ကျရာဇာတ်ရုပ်အတိုင်း လိုက်ပါစီးမြောပြီး တစ်ထပ်တည်းကျအောင် ဖန်တီးနိုင်သူတစ်ယောက်ပါပဲ။ အဲ့ဒါကြောင့်လည်း ကျော်ကျော်က ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲ တော်တော်များများမှာ နေရာယူထားနိုင်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

ကျော်ကျော်ရဲ့ အပြင်ပန်းပုံစံက ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး ကျော်ကျော်ရဲ့ မိခင်ကလည်း သားဖြစ်သူလိုပဲ ပကာသနမရှိ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျော်ကျော်က ခြင်ထောင်လျှော်ရင်း ရေဆော့နေတဲ့ သူ့မေမေကိုကြည့်ပြီး “ခြင်ထောင်လျှော်ရင်း ရေဆော့နေသော မေမေ။ အမေ့ကို အဲ့လိုပုံလေးတွေ့ရတာ သားတစ်ယောက်အနေနဲ့ တကယ်ကို ကြည်နူးပျော်ရွှင်မိပါတယ်” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။

ကျော်ကျော်တို့ သားအမိကတော့ တကယ့်ကို ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းကြတာပဲနော်။ ပရိသတ်ကြီးလည်း ကျော်ကျော်လိုပဲ ပျော်ရွှင်စွာနေတတ်တဲ့ အန်တီ့ကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။

Source: Kyaw Naing Oo’s fb
Bilie- Cele Connections

error: Alert: Content is protected !!