သူ့ကို နွလံုးပီတိဂြမ္းဆီထိေစတဲ့ ေအးျမတ္သူကို နတ္သမီးေလးနဲ့ တင္စားခ်ီးက်ဴးလိုက္တဲ့ စိုင္းစိုင္းခမ္းလိႈင္

အနုပညာေလာကရဲ့ ေအာင္ျမင္တဲ့ အနုပညာရွင္နွစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္နဲ့ ေအးျမတ္သူတို့က သူတို့ကၽြမ္းက်င္ရာ နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနၾကသူမ်ား ျဖစ္ၾကပါတယ္။ စိုင္းစိုင္းခမ္းလိႈင္နဲ့ ေအးျမတ္သူက ျပီးခဲ့တဲ့ လပိုင္းကပဲ “ေကာင္းကင္မရိွတဲ့ၾကယ္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အတူတူ သရုပ္ေဆာင္ခဲ့ၾကပါေသးတယ္။ ဒီေန့မွာေတာ့ စိုင္းစိုင္းခမ္းလိႈင္က သူ့ကို နွလံုးပီတိ ဂြမ္းဆီထိေစတဲ့ မင္းသမီးေခ်ာေလး ေအးျမတ္သူကို နတ္သမီးေလးနဲ့ တင္စားထားတာကို ေတြ့ရပါတယ္။

 

 

“ဒီမနက္ခင္း အီၾကာေကြးေၾကာ္ၿပီး လာပို႔ေပးသြားတဲ့ မင္းသမီးမျမတ္ေလးဟာ လူေတာ့မျဖစ္ႏိုင္ နတ္သမီးပဲ ျဖစ္ရမယ္။ အီၾကာေကြးကို လက္နဲ႔ယူလိုက္တာနဲ႔ ရလာတဲ့ ရနံ႔ဟာ ႏွာေခါင္းကေနတဆင့္ ဦးေႏွာက္ထဲက Glands ေတြကို ႏႈိးဆြပါတယ္။ ေကာ္ဖီထဲကို ႏွစ္ၿပီး လွ်ာေပၚတင္လိုက္တဲ့အခါ တဒဂၤနတ္ျပည္ခရီးစဥ္ပါပဲ။ ႐ုပ္ရွင္ထဲမွာဆိုရင္ ခဏရပ္တန႔္သြားၿပီး ဧဒင္ဥယ်ာဥ္ထဲကို ေရာက္သြားသလို ႐ိုက္ျပရမွာပါ။ ဦးေခါင္းထဲမွာ အရည္ၾကည္ေလးေတြစိမ့္ထြက္လာသလို ၾကည္ႏူးမိပါတယ္။ Endorphins ရတယ္ဆိုတာ ဒါမ်ိဳးေနမွာပဲ။ ဗမာလိုေျပာရင္ ႏွလုံးပီတိ ဂြမ္းဆီထိေပါ့။” ဆိုျပီး ခ်ီးက်ဴးထားပါတယ္။

 

 

စိုင္းစိုင္းခမ္းလိႈင္က ဒီေလာက္ေတာင္ တခမ္းတနား ခ်ီးက်ဴးရတယ္ဆိုေတာ့ ေအးျမတ္သူလက္ရာ အီၾကာေကြးက ေတာ္ေတာ္ကို ေကာင္းလို့ျဖစ္မွာပဲေနာ္။ ေအးျမတ္သူလည္း စိုင္းစိုင္းခမ္းလိႈင္ရဲ့ ခ်ီးက်ဴးစကားေၾကာင့္ ဝမ္းသာေနမယ္ ထင္ပါတယ္။

 

 

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူ့ကို နှလုံးပီတိဂွမ်းဆီထိစေတဲ့ အေးမြတ်သူကို နတ်သမီးလေးနဲ့ တင်စားချီးကျူးလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကရဲ့ အောင်မြင်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အေးမြတ်သူတို့က သူတို့ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူများ ဖြစ်ကြပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နဲ့ အေးမြတ်သူက ပြီးခဲ့တဲ့ လပိုင်းကပဲ “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒီနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ကို နှလုံးပီတိ ဂွမ်းဆီထိစေတဲ့ မင်းသမီးချောလေး အေးမြတ်သူကို နတ်သမီးလေးနဲ့ တင်စားထားတာကို တွေ့ရပါတယ်။

“ဒီမနက်ခင်း အီကြာကွေးကြော်ပြီး လာပို့ပေးသွားတဲ့ မင်းသမီးမမြတ်လေးဟာ လူတော့မဖြစ်နိုင် နတ်သမီးပဲ ဖြစ်ရမယ်။ အီကြာကွေးကို လက်နဲ့ယူလိုက်တာနဲ့ ရလာတဲ့ ရနံ့ဟာ နှာခေါင်းကနေတဆင့် ဦးနှောက်ထဲက Glands တွေကို နှိုးဆွပါတယ်။ ကော်ဖီထဲကို နှစ်ပြီး လျှာပေါ်တင်လိုက်တဲ့အခါ တဒင်္ဂနတ်ပြည်ခရီးစဉ်ပါပဲ။ ရုပ်ရှင်ထဲမှာဆိုရင် ခဏရပ်တန့်သွားပြီး ဧဒင်ဥယျာဉ်ထဲကို ရောက်သွားသလို ရိုက်ပြရမှာပါ။ ဦးခေါင်းထဲမှာ အရည်ကြည်လေးတွေစိမ့်ထွက်လာသလို ကြည်နူးမိပါတယ်။ Endorphins ရတယ်ဆိုတာ ဒါမျိုးနေမှာပဲ။ ဗမာလိုပြောရင် နှလုံးပီတိ ဂွမ်းဆီထိပေါ့။” ဆိုပြီး ချီးကျူးထားပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ဒီလောက်တောင် တခမ်းတနား ချီးကျူးရတယ်ဆိုတော့ အေးမြတ်သူလက်ရာ အီကြာကွေးက တော်တော်ကို ကောင်းလို့ဖြစ်မှာပဲနော်။ အေးမြတ်သူလည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချီးကျူးစကားကြောင့် ဝမ်းသာနေမယ် ထင်ပါတယ်။

Source: Sai Sai Kham Leng’s fb
Bilie – Cele Connections

error: Alert: Content is protected !!