

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမအသက်အရွယ်နဲ့ နုပျိုကျန်းမာစေဖို့ အိမ်မှာနေရင်း အားကစားလုပ်နေရတာနဲ့ဘဲ ဖြတ်သန်းနေရပါတယ်ဆိုတဲ့ မယ်လိုဒီ”

မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ မယ်လိုဒီနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ မယ်လိုဒီကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို စိတ်ထဲနှစ်ကာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ မယ်လိုဒီဟာဆိုရင် ကလေးအမေတစ်ယောက်လို မထင်ရက်လောက်အောင် နုပျိုနေတဲ့အလှအပလေးကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

မယ်လိုဒီကတော့ အိမ်မှာနေရင်း သူမရဲ့ တစ်နေတာ ဖြတ်သန်းမှုပုံရိပ်လေးတွေနဲ့ သားသားရဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မယ်လိုဒီက”တစ်နေ့တစ်နေ့ နည်းနည်းလေးတော့ ကစားလိုက်ရမှ စားလိုက်ရမှ မအားဘူးရယ် ဗိုက်ဝဖို့ ဟင်းတွေချက် လှပဖို့အားကစားလုပ် အသက် ၄၀ မှဘဝစမှဆိုတော့ ရွှင်လန်းကျန်းမာလှပ ဖို့ပြင်ဆင်နေရတယ်။နောက်ဆုံးပုံကအသက်ဘဲ(၇)ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်စုံကြပါစေရှင်”လို့ဆိုကာ သူမရဲ့ လှပမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမအသက်အရွယ်နဲ့ နုပျိုကျန်းမာစေဖို့ အားကစားတွေလုပ်လေ့ရှိတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် မယ်လိုဒီရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံရိပ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးထဲမှာကော မယ်လိုဒီ လိုမျိုး အလှအပမျိုးလေးကို ပိုင်ဆိုင်နိုင်ကြမယ်ထင်ပါတယ်။
Soure… Melody Myo’s Facebook
Angella(CeleConnections)

 

error: Alert: Content is protected !!