

 

 


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမရဲ့ချစ်ရတဲ့ heartiesလေးတွေအတွက် အမူအရာအမျိုးစုံနဲ့ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတဲ့ သဇင်ထူးမြင့်ရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ နာမည်ကျော်ဇာတ်ပို့ ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးအထွေးဆုံးဖြစ်တဲ့ သဇင်ထူးမြင့်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးလို့ ထင်ပါတယ်။ သဇင်ထူးမြင့်ကတော့ ဖခင်ခြေရာအတိုင်း အနုပညာအလုပ်တွေမှာလည်း အောင်မြင်ရုံတင်မက သူမရဲ့ ချောမောလှပမှုတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အချစ်ရေးဟာဆိုရင် Single ဘဝနဲ့ ဖြတ်သန်းရင်း ပရိသတ်တွေအတွက် အောင်မြင်မှုပိုမိုရရှိအောင်လည်း ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ ခေတ်စားနေတဲ့ tik tokလေးတွေကို စတင်ဆော့လေ့ရှိသူတစ်ဦးပါ။ သူမရဲ့ ပရိသတ်တွေအလွမ်းပြေစေဖို့အတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာဆိုရင် သဇင်ထူးမြင့်က အိမ်ထဲမှာနေရင်း အပျင်းပြေဆော့ထားတဲ့ tik tokဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာတော့ တစ်မျိုးနဲ့တမျိုးမတူအောင် ချစ်စဖွယ်ဟန်ပန်အပြည့်နဲ့ သရုပ်ဆောင်ထားတာလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် သဇင်ထူးမြင့်ရဲ့ ချစ်စဖွယ်ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သဇင်ထူးမြင့်ရဲ့ ဗီဒီယိုဖိုင်လေးကြည့်ကာ အရင်ထက်ပိုပြီကြွေသွားကြမယ်လို့ ထင်ပါတယ်။
Soure… Thazin Htoo Myint’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!