ယူနီကုဒ်ဖြင့်ဖတ်ရန်
“သူမကို တစ်ယောက်သောသူက သတိရစေချင်တယ်ဆိုတဲ့ ဖွေးဖွေး”
ချစ်စရာတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီး တစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ဖွေးဖွေးကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပေါ့ပေါ့ပါးပါးနေတတ်ပြီး ချစ်စဖွယ်အမူအရာလေးတွေကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။
ဖွေးဖွေးကတော့ ခေတ်စားနေတဲ့ tik tokလေးတွေဆော့ကာ ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးတွေနဲ့ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက” မင်းလေး ကိုယ့်ကို သတိရ ပြီးတာပဲ”လို့ဆိုကာ သူမရဲ့ ခံစားချက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သီချင်းလေးနဲ့ ဆွေးငေးရင်း ကပ်ပရှင်းလေးရေးကာ တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ဖွေးဖွေးကို အားပေးချစ်ခင်သတိရကြမယ်လို့ ထင်ပါတယ်။
Soure… Phway Phway’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!