

 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူတို့မိသားစုလေးကို စိုးရိမ်ပေးကြတဲ့သူတွေအတွက် ရပ်ကွက်ကော အေးဆေးတည်ငြိမ်စွာနဲ့ ကျန်းကျန်းမာမာရှိနေပါတယ်လို့ဆိုလိုက်တဲ့ မိုးမိုး”

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုးမိုးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိုးမိုးကတော့ သီချင်းတော်တော်များများကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ မိုးမိုးရဲ့ သီချင်းတိုင်းဟာဆိုရင် အခုချိန်ထိလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေကြောင့် အိမ်ထဲမှာနေရင်း မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ သိပ်မကြာသေးခင်ကမှ သူတို့ရပ်ကွက်ထဲက ကိုရိုနာနဲ့ ပတ်သက်တဲ့ လူနာတွေ့တဲ့အကြောင်းကို ဒီနေ့မှာတော့ မိုးမိုးက”ကျွန်တော်တို့ သာကေတ( ၁၀/တောင် ၁၃)ရပ်ကွက်ခရေလမ်းမှ ာC 84 နဲ့ C 122တို့ အိမ်ရှိတဲ့ အလယ် ဘလောက်ကလေးပဲ Lockdown လုပ်ထားလိုက်ပါပြီနေ့တိုင်းလဲ ပိုးသတ်ဆေးဖြန်းပါတယ်။မနက်ကလဲ ပိုးသတ်ဆေးတွေထပ်ဖြန်းနေပါတယ်။Positive သမား နှစ်ယောက်ဟာလဲ တကယ့် ဘုရားစူး positive တွေပါ၊စိတ်ရောလူရော အင်မတန်ကြံ့ခိုင်ကြသူများပါ၊မကြာမီ Negative ဖြစ်ဖို့ ကျိန်းသေသလောက်ပါပဲသူတို့ရဲ့ မိသားစုဝင် ကျန် ၁၄ ယောက်လဲ Negative ဆိုလို့ တစ်ရပ်ကွက်လုံး ဝမ်းသာနေကြပါတယ်။ရပ်ကွက်အတွင်းလဲ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ကျန်းကျန်းမာမာပါပဲ၊စိုးရိမ်ပြီး သတင်းမေးကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးပါ”လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် သူတို့ရပ်ကွက်လေးအေးဆေးတည်ငြိမ်တာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ မိုးမိုးတို့မိသားစုကို စိုးရိပ်ပေးနေကြတဲ့ ပရိသတ်တွေကလည်း စိတ်အေးသွားကြမယ်လို့ထင်ပါတယ်။

Soure… Moe Sithu Kyaw’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!