



ယူနီကုတ်ဖြင့်ဖတ်ရန်

” သားဖြစ်သူ ဘုန်းမင်းနေလနဲ့ အခွီTikTok လေး ဆော့ကစားခဲ့တဲ့ ခင်ဇာခြည်ကျော်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေ ဆယ်စုနှစ်တစ်ခုအကြာကနေအားပေးလာကြတဲ့ မင်သမီးကြီးတစ်လက်ပါနော်။ ပရိသတ်တွေသည်းသည်လှုပ်ချစ်ခင်အားပေးတဲ့ သားနဲ့ သမီးကိုလည်း ပိုင်ဆိုင်ထားပြီး Single Mother အဖြစ်နဲ့ ရပ်တည်ကာ သားနဲ့ သမီးကို ပြုစုစောင့်ရှောက်နေတဲ့သူဆိုလည်း မမှားပါဘူးနော်။လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ကာ ပရိသတ်တွေအချစ်ပိုနေဆဲ ဝါရင့်မင်းသမီးတစ်လက်လို့ဆိုရမှာပါ။

သားဖြစ်သူဘုန်းမင်းနေလဟာ ရွှေကြိုမောင် တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေရပြီပဲ ဖြစ်ပါတယ်။ သားချောလေးအပြင် သမီးလေး ထင်သစ္စာဟာဆိုရင်လည်း မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်နဲ့ အနုပညာပွဲတက်တွေကို အတူတူတက်ရောက်ကာ အနုပညာလောကထဲကို ခြေလှမ်းသစ်တွေစလှမ်းနေပြီပဲ ဖြစ်ပါတယ်။

သားသမီးတွေအပေါ်မှာ အမေတစ်ယောက်လိုအပြင် သူငယ်ချင်းတွေလိုဆက်ဆံရေးမျိုးရှိတဲ့သူ တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုလေးလို့ဆိုရမှာပါ။ လက်ရှိမှာလည်း Covid 19ကြောင့် အိမ်မှာပဲနေကာ အချိန်တွေကုန်ဆုံးနေတာဖြစ်ပြီး သားဖြစ်သူ ဘုန်းမင်းနေလနဲ့အခွီ TikTokလေးဆော့ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အမေနဲ့အတူ မိန်းကလေးပုံစံဟန်ပန်အမူအရာတွေနဲ့ သရုပ်ဆောင်ကာ ဆော့ကစားခဲ့ကြတာပါ။ ပရိသတ်တွေကတော့ ပျော်ပျော်နေတတ်တဲ့ သူမတို့ သားအမိတွေကို အရမ်းကို အားပေးသဘောကျကြတာတွေ့ရပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့မိသားစုလေးကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Khinzar Chi Kyaw
Candy – CeleConnections

error: Alert: Content is protected !!