“မိမိကုိယ္တိုင္ကာကြယ္ျခင္းကစျပီး တစ္ေလာကလုံးကို ကူညီရာေရာက္တယ္ဆိုတဲ့ နို္င္းနိုင္း”

ဆယ့္စုနွစ္ကတည္းက ေအာင္ျမင္ေက်ာ္ၾကားေနကာ မင္းသားတစ္လက္ျဖစ္တဲ့ နိုင္းနိုင္းနဲ႕ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႕မလိုေလာက္ဘူးထင္ပါတယ္ေနာ္။ နိုင္းနုိင္းကေတာ့ ဇာတ္ကားတိုင္းမွာ က်ရာဇာတ္ရုပ္ကုိ ပီျပင္ေအာင္ သရုပ္ေဆာင္နို္င္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိလာတဲ့ မင္းသားတစ္လက္ဆိုလည္းမမွားေလာက္ပါဘူးေနာ္။ သူရဲ႕ အားေပးေနတဲ့ ပရိသတ္ေတြအတြက္ ေအာင္ျမင္မႈပိုမိုရရွိေအာင္လည္း ႀကိဳးစားေနသူတစ္ဦးပဲျဖစ္္ပါတယ္။

 

 

ကိုရုိနာေရာဂါေတြျဖစ္ပြားေနတာေၾကာင့္ အိမ္မွာေနရင္း ပရိသတ္ေတြကို စုိးရိမ္စြာနဲ႕ ကာကြယ္မႈနည္းလမ္းေလးေတြနဲ႕ အမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ နိုင္းနိုင္းကေတာ့” အခုအခ်ိန္မွာ အေရးႀကီးဆံုးက.. က်န္းမာေရးပါ။ က်န္းမာရင္ ဘာမဆို ျပန္စလို႔ရပါတယ္။ ကိုယ့္ကိုကိုယ္ ကာကြယ္ျခင္းက တစ္ေလာကလံုးကို ကူညီရာေရာက္ပါတယ္။ ကြၽန္ေတာ္လဲ ခ်စ္ေသာသူမ်ားအတြက္ အသက္႐ွင္သန္ေနရပါဦးမည္” လို႕ဆိုကာ သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။ ကိုရုိနာမျဖစ္ေစဖို႕ မိမိကိုယ့္ကို ကာကြယ္ျခင္းကေနစျပီး ကူညီပါဆိုတဲ့ အေၾကာင္းကို တင္ေပးလိုက္တာပါပဲေနာ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ နိုင္းနိုင္းကေတာ့ ကာကြယ္ျခင္းနဲ႕ ပတ္သက္ျပီးျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးကလည္း နိုင္းနိုင္းရဲ႕ တိုက္တြန္းမႈအတိုင္း လိုက္နာၾကမယ္ထင္ပါတယ္။
Soure…. Actor 99’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မိမိကိုယ်တိုင်ကာကွယ်ခြင်းကစပြီး တစ်လောကလုံးကို ကူညီရာရောက်တယ်ဆိုတဲ့ နိုင်းနိုင်း”

ဆယ့်စုနှစ်ကတည်းက အောင်မြင်ကျော်ကြားနေကာ မင်းသားတစ်လက်ဖြစ်တဲ့ နိုင်းနိုင်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ နိုင်းနိုင်းကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက် အောင်မြင်မှုပိုမိုရရှိအောင်လည်း ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်မှာနေရင်း ပရိသတ်တွေကို စိုးရိမ်စွာနဲ့ ကာကွယ်မှုနည်းလမ်းလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ နိုင်းနိုင်းကတော့” အခုအချိန်မှာ အရေးကြီးဆုံးက.. ကျန်းမာရေးပါ။ ကျန်းမာရင် ဘာမဆို ပြန်စလို့ရပါတယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းက တစ်လောကလုံးကို ကူညီရာရောက်ပါတယ်။ ကျွန်တော်လဲ ချစ်သောသူများအတွက် အသက်ရှင်သန်နေရပါဦးမည်” လို့ဆိုကာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုရိုနာမဖြစ်စေဖို့ မိမိကိုယ့်ကို ကာကွယ်ခြင်းကနေစပြီး ကူညီပါဆိုတဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် နိုင်းနိုင်းကတော့ ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီးပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နိုင်းနိုင်းရဲ့ တိုက်တွန်းမှုအတိုင်း လိုက်နာကြမယ်ထင်ပါတယ်။
Soure…. Actor 99’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!