Source: Bhone Hlyan’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပထမဦးဆုံးအကြိမ် အပြင်ထွက်ပြီး စားချင်တာတွေစားနေတယ်ဆိုတဲ့ ဘုန်းလျှံ
မင်းသားချော ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျနေရာမှ ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။။ (၂၀၁၃) ခုနှစ်ကတည်းက အကျဉ်းကျနေခဲ့တဲ့ ဘုန်းလျှံက (၇) နှစ်ကြာပြီးတဲ့နောက် အပြင် အသိုင်းအဝိုင်းဆီ ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ဘုန်းလျှံတစ်ယောက် အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
လွတ်မြောက်လာတာ တစ်ပတ်ခန့်ရှိပြီဖြစ်ပေမယ့် Covid – 19 ကြောင့် ဘယ်မှမသွားရ၊ ဘယ်သူနဲ့မှလည်းမတွေ့ရသေးတဲ့ ဘုန်းလျှံက ဒီနေ့မှာတော့ ပထမဆုံးအကြိမ် အပြင်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဘုန်းလျှံက “Pizza စားချင်လွန်းလို့သွားဝယ်ရင်းနဲ့ ပထမဦးဆုံး အပြင်ထွက်ခြင်းအမှတ်တရ” ဆိုပြီး သူ့ရဲ့ ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေ မျှဝေပေးထားပါတယ်။
ဘုန်းလျှံကတော့ လက်ရှိမှာ သူလုပ်ချင်တာလေးတွေကို နည်းနည်းချင်းစီ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံကို ချစ်တဲ့ ပရိသတ်ကြီးကလည်း ဘုန်းလျှံ အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ရင် အားပေးကြပါဦးနော်။
Source: Bhone Hlyan’s fb
Bilie- Cele Connections
error: Alert: Content is protected !!