

 

 


 

 


 

 

Source: Aye Mya Phyu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တိုက်ခန်းလက်ဆောင်ပေးတဲ့ ဆရာမရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေးပေးပြီး ဂါရဝပြုခဲ့တဲ့ အေးမြဖြူ

Myanmar Idol Season (4) ရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူက Winner ဆုကြီးနဲ့ လွဲချောခဲ့ပေမယ့် ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူပရိသတ် အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြဖြူက သီချင်းဆိုတာအပြင် သရုပ်ဆောင်အလုပ်ကိုပါ ဆက်လက်လုပ်ကိုင်နေပြီး တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။ မျက်နှာလေးအေးချမ်းပြီး စိတ်ထားလေးလည်း ကောင်းမွန်တဲ့ အေးမြဖြူက ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အေးမြဖြူက သူမကို ဆယ်တန်းတုန်းက ပညာသင်ပေးဖူးတဲ့ ဆရာမရဲ့ မွေးနေ့အတွက် မွေးနေ့ကိတ်လေးဝယ်ပြီး သွားရောက်ဂါရဝပြုခဲ့တာကို တွေ့ရပါတယ်။ ထိုဆရာမလည်း အေးမြဖြူကို ဆယ်တန်း ဂုဏ်ထူး (၃)ဘာသာထွက်တဲ့အတွက် တိုက်ခန်းတစ်ခန်း၊ စိန်ဆွဲကြိုးနဲ့ လက်ဝတ်ရတနာတွေ ဂုဏ်ပြုလက်ဆောင်ပေးခဲ့တဲ့ ဆရာမပဲ ဖြစ်ပါတယ်။

အေးမြဖြူတို့ ဆရာတပည့်နှစ်ယောက်ရဲ့ သံယောဇဉ်ကတော့ အရမ်းကို ကြည်နူးဖို့ ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဆရာသမားကို ရိုသေချစ်မြတ်နိုးတဲ့ အေးမြဖြူလေးကို ဒီထက်မက ပိုချစ်သွားပြီ ထင်ပါတယ်။

Source: Aye Mya Phyu’s fb
Bilie- Cele Connections

error: Alert: Content is protected !!